koyin sithuJanuary 28, 20121min2376
ကျွန်ုပ်သည် ဂန္ဓာရီထွက်နေစဉ်အတွင်း တောင်တွင်းကြီးမြို့တွင် တပည့်ဖြစ်သူ ဇင်ယော်နီ ဗေဒင်ဆိုင်ခန်း ဖွင့်သဖြင့် ဆိုင်ဖွင့်ပွဲသို့ သွားရောက်ခဲ့လေ၏။ ထိုဆိုင်ဖွင့်ပွဲကို လမ်းပေါ်မှ ရပ်၍ ကြည့်နေစဉ်အတွင်း ရုတ်တရက်   လဲ၍   မေ့ကျသွားသဖြင့်   ကျွန်ုပ်၏   တပည့်များက   နီးစပ်ရာ ဆရာဝန်တစ်ဦးကိုပြ၍ ဆေးထိုးစေခဲ့ပြီး ရန်ကုန်သို့ ရန်ကုန်သို့ ခေါ်လာခဲ့လေ၏။ ရန်ကုန်သို့   ရောက်သောအခါ   ဒေါက်တာကျော်မြင့်၏   ဆေးခန်းတွင်   ပြရလေ၏။ ၎င်းဒေါက်တာ  ကျော်မြင့်သည်  ကျွန်ုပ်အား  စကင်ရိုက်ခိုင်းပြီးလျှင်  စကင်ကို  ဖတ်ကြည့်ရာ အဆုတ်ပေါက်သွားကြောင်း သိရလေ၏။ ထိုဒေါက်တာကြီးသည် ကျွန်ုပ်ကို သနားသဖြင့် အဖိုးအခမယူပဲ အခမဲ့ကုသပေးလေ၏။ ထိုအချိန်က   ကျွန်ုပ်သည်   ကျွဲပွဲဘူတာအနီး   စည်ကြီးတင်ဆိုသော   နေရာရှိ အလယ်ရိုးမအနီး  တောစခန်းလေးတွင်  တဲကြီးတစ်လုံးထိုး၍  နေစဉ်ဖြစ်၏။   တစ်ပါတ်တစ်ခါ ရန်ကုန်သို့လာ၍ ဆရာဝန်အား  ပြရလေ၏။   […]