ကျော်ထွေးတို့စာ စာမတတ်ပေမဲ့ ကျွန်တော်တို့ပြောစကားကိုတော့ မြေဝယ်မကျ နားထောင်ပြီး အလုပ်ကျိုးစားရိုကျိုးတဲ့လူငယ်လေးတွေပါ။ အလုပ်ဆိုလည်း မခိုမကပ်အားကျိုးမာန်တက်လုပ်ကြပါတယ်။ ဘယ်လောက်တောင်လုပ်သလဲဆိုရင် ကျွန်တော်တို့စကားကို ဘယ်လောက်တောင် နားထောင်သလဲဆိုရင် လူလေးယောက်လောက်မရွှေ့မှ ရမယ့်စက်ကြီးကို ကျော်ထွေးတို့ လူငယ်လေးနှစ်ယောက်ပဲ ရှိပေမဲ့ ရအောင်ရွှေ့ဆို ရအောင်ရွှေ့ကြတဲ့သူတွေပါ။ တစ်နေ့ ကျွန်တော်တို့ လယ်ကွင်းစိုက်ကွက်ကနေ ညောင်တုန်းမြို့စိုက်ပျိုးရေးရုံးကို မြေဩဇာ သွားထုတ်ဘို့ရှိနေပါတယ်။ အဲဒီအချိန်ကလည်း မိုးနှောင်းပိုင်းဆိုတော့ ကွင်းထဲမှာ သုံးတဲ့လှေတွေ ဒေါက်တင်ချိန်ပါ။ ကျွန်တော်ညောင်တုန်းသွားကာနီး တပည့်ကျော် ကျော်ထွေးကိုမှာပါတယ်။ အဲဒီအချိန်က မနက်(၇)နာရီချိန်လောက်ပါ။ ကျွန်တော်တို့ အစောင့်တဲမှာလည်း သူတစ်ယောက်တည်းရှိပါတယ်။ အဲဒီနေ့က မောင်ကျော်ထွေးက တဲစောင့်တာဝန်ပေါ့။ ကျန်တဲ့သူတွေက လုပ်ကွက်ထဲမှာ။ ကျော်ထွေး ငါညောင်တုန်းသွားမလို့။ နေ့လည် (၁၂)နာရီလောက်မှပြန်ရောက်မယ်။ ငါပြန်လာရင် ဒီလှေရေးဆေးပြီးသားတွေ့ခြင်တယ်။ (အဲဒီလှေက ယောက်ကျားကြီးနှစ်ယောက်လောက် တစ်နေကုန်ဆေးမှ ပြီးနိုင်လောက်အောင် ကြီးတဲ့လှေပါ။) ဒါပေမဲ့ […]