အလုပ်ကြိုးစားသူ မောင်ကျော်ထွေး
ကျော်ထွေးတို့စာ စာမတတ်ပေမဲ့ ကျွန်တော်တို့ပြောစကားကိုတော့ မြေဝယ်မကျ နားထောင်ပြီး အလုပ်ကျိုးစားရိုကျိုးတဲ့လူငယ်လေးတွေပါ။ အလုပ်ဆိုလည်း မခိုမကပ်အားကျိုးမာန်တက်လုပ်ကြပါတယ်။ ဘယ်လောက်တောင်လုပ်သလဲဆိုရင် ကျွန်တော်တို့စကားကို ဘယ်လောက်တောင် နားထောင်သလဲဆိုရင် လူလေးယောက်လောက်မရွှေ့မှ ရမယ့်စက်ကြီးကို ကျော်ထွေးတို့ လူငယ်လေးနှစ်ယောက်ပဲ ရှိပေမဲ့ ရအောင်ရွှေ့ဆို ရအောင်ရွှေ့ကြတဲ့သူတွေပါ။
တစ်နေ့ ကျွန်တော်တို့ လယ်ကွင်းစိုက်ကွက်ကနေ ညောင်တုန်းမြို့စိုက်ပျိုးရေးရုံးကို မြေဩဇာ သွားထုတ်ဘို့ရှိနေပါတယ်။ အဲဒီအချိန်ကလည်း မိုးနှောင်းပိုင်းဆိုတော့ ကွင်းထဲမှာ သုံးတဲ့လှေတွေ ဒေါက်တင်ချိန်ပါ။
ကျွန်တော်ညောင်တုန်းသွားကာနီး တပည့်ကျော် ကျော်ထွေးကိုမှာပါတယ်။ အဲဒီအချိန်က မနက်(၇)နာရီချိန်လောက်ပါ။ ကျွန်တော်တို့ အစောင့်တဲမှာလည်း သူတစ်ယောက်တည်းရှိပါတယ်။ အဲဒီနေ့က မောင်ကျော်ထွေးက တဲစောင့်တာဝန်ပေါ့။ ကျန်တဲ့သူတွေက လုပ်ကွက်ထဲမှာ။
ကျော်ထွေး ငါညောင်တုန်းသွားမလို့။ နေ့လည် (၁၂)နာရီလောက်မှပြန်ရောက်မယ်။ ငါပြန်လာရင် ဒီလှေရေးဆေးပြီးသားတွေ့ခြင်တယ်။
(အဲဒီလှေက ယောက်ကျားကြီးနှစ်ယောက်လောက် တစ်နေကုန်ဆေးမှ ပြီးနိုင်လောက်အောင် ကြီးတဲ့လှေပါ။)
ဒါပေမဲ့ မောင်ကျော်ထွေးကတော့ ဟုတ်ကဲ့ဦးဌေး ပါပဲ။(ဦးဌေး ဆိုတာ ကျွန်တော့်ကိုခေါ်တာပါ)
ဒီလိုနဲ့ ညောင်တုန်းမှာ ကျွန်တော်လုပ်စရာရှိတာတွေ လုပ်နေတုန်း မနက်(၁၁)နာရီလောက်မှာ ချိန်ခါမဲ့ မိုးရွာပါတယ်။
ကျွန်တော် တော်တော်ခံစားလိုက်ရပါတယ်။ သွားပြီ သေပြီ ။ ကျွန်တော့်တပည့်ကျော်ကျော်ထွေး အကြောင်းကျွန်တော်ကောင်းကောင်းသိတယ်လေ။
နာရီဝက်လောက်မိုးရွာပြီး မိုးရပ်သွားပါတယ်။
ငါတို့တဲနားမိုးမရွာပါစေနဲ့။
ဒီလိုနဲ့ (၁၂)နာရီခွဲလောက်မှာ ကျွန်တော် ကျွန်တော်တို့ အစောင့်တဲကို ပြန်ရောက်ပါတယ်။ ဆုတောင်းမပြည့်ပါ ကွန်တော်တို့ဆီမှာလဲ မိုးရွာပါတယ်။ တပည့်ကျော် ကျော်ထွေး ချွေးသံတရွှဲရွှဲနဲ့ လှေဆေးကောင်းတုန်းပါ။
ဦးဌေး ပြီးတော့မယ် ခနနေရင်ပြီးပြီ တဲ့
ကျွန်တော် ငိုရမလို ရီရမလိုဖြစ်သွားပါတယ်။
လူနှစ်ယောက်လောက် တစ်ရက်တင်းတင်းရေဆေးရမယ်လှေကို ကျော်ထွေးတစ်ယောက်တည်း တမနက်နဲ့ ပြီးအောင်ဆေးနိုင်တယ်။ လူတိုင်းမလုပ်နိုင်တဲ့ကိစ္စပါ။ ဒါပေမဲ့
ကျွန်တော် ကျော်ထွေးကို အစောင့်တဲနံဘေးက ရေမြောင်းဘောင်ပေါ်ခေါ်ပြီး ရေမြောင်းဟိုတစ်ဘက်ခြမ်းမှာ လှမ်းထားခဲ့တဲ့ နွေစပါးမျိုးတွေကို လှမ်းပြလိုက်ပါတယ်။
ကျော်ထွေး မင်းမြင်လား ဟိုဟာဘာလည်း
စပါးတွေ လှမ်းထားတာပါ
ခုနမိုးရွာတာမင်းသိလား
ဟုတ်ကဲ့သိပါတယ်
မျိုးစပါး မိုးရွာရင်ရုတ်(သိမ်း)ထားရမယ်ဆိုတာမင်းမသိဘူးလား
သိပါတယ်
မင်းဘာလို့ မျိုးစပါးတွေ ရုတ်မထားတာလဲ
သိဘူးလေ ဦးဌေးမှ မခိုင်းခဲ့တာ လှေပြီးအောင်ဆေးရမယ်ဆို ခုပြီးကာနီးနေပါပြီ တဲ့။
ဒါပါပဲ မိတ်ဆွေ သူတို့ဟာ ခိုင်းတာကို မတန်တဆ တာဝန်ကျေပွန်စွာလုပ်နိုင်ကြပါတယ်။
ဒါပေမဲ့ အဲဒါထက် မျိုးစပါးမိုးမမိ………………….
6 comments
ရွှေဘိုသား
July 11, 2011 at 12:26 pm
ကျွန်တော်ငယ်ငယ်က ရွာမှာ အမေတို.က တောထဲသွားကြတာ
ငတာ အိမ်ကစပါးတွေ နေပူရင် ထုတ်လှမ်းထားလိုက်လို.မှာသွားတာ
လှမ်းတော.လှမ်းပါရဲ. လှမ်းရမဲ. တလင်းပြင်ကို အမှိုက်မလှဲပဲလှမ်းလို.ဆိုပြီး အရိုက်ခံရတာကို သတိရမိပါရဲ.
Yan Shin
July 11, 2011 at 1:44 pm
ကိုအောင်ဇေယျရေ
ဘယ်မှာနေတာလဲဗျ
ကျော်ထွေးတို့ ကွင်းနဲ့ နီးလား?
pan pan
July 11, 2011 at 2:25 pm
မိဘတွေက အပြင်သွားစရာရှိလို့ အိမ်စောင့်ကျန်ခဲ့တဲ့ အကြီးဆုံးကလေးကိုမှာတယ်
“ကလေးအငယ်ကို သေချာကြည့်ထားနော်”တဲ့
မိဘတွေ အိမ်ပြန်ရောက်တော့ ကလေးအငယ်က ဒဏ်ရာဒဏ်ချက်တွေနဲ့
အကြီးဆုံးကလေးကပြောတယ်
“ကြည့်ဆိုလို့ကြည့်ထားပါတယ်၊ သူဘာလုပ်တယ်၊ ပုခက်ပေါ်က ပြုတ်ကျတယ်၊ လှေကားပေါ်က ဘယ်လိုကျတယ်” ဘာညာပေ့ါ
အဲလိုဖြစ်နေပြီ
PaukPhaw
July 11, 2011 at 3:31 pm
မောင်ကျော်ထွေးက ငယ်သေးလို ့နေမှာပေါ့လေ.
ကျနော်တို ့ငယ်ငယ်တုန်းကလဲ ဒီလိုပါပဲ..
ကိုယ့်တာဝန် ကိုကျေအောင်လုပ်ပြီးဖို ့ပဲသိတယ်..
အဲတာတွေပြီးမှ ကိုယ်ဆော့ချင်တာဆော့လို ့ရမှာဆိုတော့ လူကြီးတွေခိုင်းတဲ့အလုပ် မပြီးပြီးအောင် ကုန်းရုန်းပြီး လုပ်တာပဲ…
အလုပ်ပြီးပြီဆိုတာနဲ ့ လာမရှာနဲ ့တော့ မရှိတော့ဘူး..
စားချိန်နဲ ့အိပ်ချိန်ပဲ ရှိတာ….
နဂိုထဲက သိပ်လုပ်ချင်တာလဲ မဟုတ်..ဘယ်အပေါင်းအသင်းနဲ ့ ဘယ်လိုဆော့ရမလဲပဲ ခေါင်းထဲရှိတာ
😉
manawphyulay
July 11, 2011 at 5:38 pm
ဒါကတော့ အမေ မှာတဲ့ဆန်တစ်ခွဲကို ဆန်တစ်တင်းနဲ့ မလဲတာလို့လည်း ပြောလို့ရတာပေါ့။ တချို့က အလုပ်လုပ်ပေမယ့် မမှာရင် လုပ်ရမှန်းမသိတာတွေလည်း ရှိနေပါတယ်။ နောက်တချို့က မှာခဲ့တာ တာဝန်ကို မပြီးမှာစိုးလို့ လုပ်နေတာလည်း ဖြစ်နိုင်ပါတယ်ရှင်။
myanpyithar
July 12, 2011 at 3:59 pm
ဒေါ်မနော
အမေမှာတဲ့ဆန်တခွဲ သုံးစိတ်နဲ့မလဲ ပါဗျာ…ဆော ရီး နော် မှားနေလို့