Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မှားတိုက်မိလို့

moethidasoeJuly 11, 20111min44311

မှားတိုက်မိတယ် ဆိုတာ ဆရာဝန်ကြောင့်တော့ မဟုတ်ကြောင်း အရင်ဆုံး ရေးထားပါရစေ

ငယ်ငယ်တုန်းက စကားပုံ ဝှက်ကြရင် ဆုတ်လဲစူး .. စားလဲ ရူး ဆိုတာ မှတ်ခဲ့ရဘူးမှာပေါ့နော် အဲဒီ ငယ်စဉ်ဘဝမှာပဲ မိဘ အလုပ်အပြောင်းအရွှေ့မှာ ဧရာဝတီ အနောက်ဖက် အတွင်းပိုင်းတစ်နေရာကို ရောက်ခဲ့တယ် .. အဲဒီမှာ ချောင်းဘေး ပေါက်နေတဲ့ ထူးထူးဆန်းဆန်း ဆူးချွန်တွေ ပါတဲ့ (တကယ့် ဆူး ကို ဆိုလိုတာပါ) အသီး သီးနေတဲ့ ခြုံပုတ်ဆန်ဆန် အပင်ကို တွေ့ပါတယ် .. ဆုတ်ရင် စူးတယ် ဆိုတာကို လက်ခံလိုက်ပါတယ် .. စားရင် ရူးတယ် ဆိုတာကို မကြုံခဲ့ဖူးဘူး ..

ငယ်ငယ်တုန်းက ရေဒီယိုပဲ နားထောင်စရာရှိပြီး ကြည့်စရာဆိုတာ ရုပ်ရှင် တမျိုးပဲ ရှိတဲ့ အချိန်တုန်းက ရေဒီယိုပဲ နားထောင်ရတာပေါ့ .. အဲဒီတုန်းက ဂရိုက်မစ်ချာ ဆိုတဲ့ ဇာတ်လမ်းလေး တပုဒ်က နားထဲမှာ စွဲနေတာပဲ .. ဇာတ်လမ်း အကျဉ်းကတော့ .. ကလေးအတွက် ဆေး ဖြစ်တဲ့ ဂရိုက်မစ်ချာကို ထမင်းစား စားပွဲပေါ်မှာပဲ တင်ထားတတ်တယ် .. ကလေးကလဲ ထမင်းစားပြီးတိုင်း သောက်တယ် (အဲဒါလဲ လွဲမှားနေတဲ့ အယူအဆပါ .. သူငယ်ချင်း ဆရာဝန်တယောက်တောင် သူ့ကလေးကို ထမင်းစားပြီးတိုင်း ဂရိုက်မစ်ချာ တိုက်နေလို့ ကြုံတာနဲ့ သူ့ကို ပြောလိုက်သေးတယ် .. နင် အရူးလား .. ကလေးကို အလကားနေ ဂရိုက်မစ်ချာတွေ တိုက်နေတာ .. ဒါနဲ့ သူက ပြန်ပြောသေးတယ် .. အေးလေ ဘာဖြစ်လဲ တဲ့ .. ဟဲ့ နင် ထမင်းစားပြီးတိုင် ဂျဲလမက် စားသလား လို့ မေးတော့ .. အို .. ငါမှ ဗိုက်နာနေတာမှ မဟုတ်တာ တဲ့ .. အေးလေ .. ဂရိုက်မစ်ချာ ဆိုတာလဲ ကလေးကိုတိုက်တဲ့ လေဆေးလေဟာ .. ဂျဲလမက်နဲ့ ဘာထူးလို့လဲ .. အဲဒါဆို ကလေးက အမြဲတိုက်သင့်လား မတိုက်သင့်လား စဉ်းစားပေါ့ လို့ ပြန်ပြောတော့မှ .. အေးဟယ် .. ငါ အဲဒီလို မစဉ်းစားမိဘူး .. တဲ့) တနေ့ကျတော့ ကလေး က ဂရိုက်မစ်ချာ သောက်ပြီး ရင်ထဲပူနေသလို လှိမ့်ပြီး အော်ငိုနေတော့မှ အိမ်က လူကြီးက ဆေးပုလင်းကို ကြည့်လိုက်တဲ့အခါ အဲဒီအချိန်တုန်းက ပေါပေါများများ ရနိုင်တဲ့ ရေနံဆီထည့်ထားတဲ့ ဂရိုက်မစ်ချာ ပုလင်းဟောင်း ဖြစ်နေလို့ ဆေးရုံကို အမြန်သွားမှ ကလေး ပြန်ကောင်းလာတယ် တဲ့ .. အဲဒီနောက်ပိုင်း .. လမ်းပေါ်ကနေ ပုလင်းဟောင်းတွေ ဝယ်တဲ့ လူ အော်တဲ့ ဂရိုက်မစ်ချာ ပုလင်းဟောင်းတွေ ဝယ်တယ် ဆိုတဲ့ အသံကြားမိတိုင်း စိတ်နာတယ် ဆိုတဲ့ ဇာတ်လမ်း ပါ။

အခု ဇာတ်လမ်းက တမနက်ခင်း .. အသိတွေ လာလို့ လက်ဖက်ရည်ဆိုင်မှာ ကြိုက်ရာစား ဧည့်ခံနေတုန်း . လူတယောက် အပြေးလိုက်လာပြီး “ဆရာမ .. ကျမ မောင်လေးကို လိုက်ကြည့်ပေးပါဦး .. မြန်မြန် .. လိုက်ကြည့်ပေးပါ ဆရာမရယ်” ဘာဖြစ်လို့တုန်း .. “ဘာဖြစ်မှန်း မသိပါဘူး .. ပါးစပ်ကလဲ .. ဘာတွေပြောနေမှန်း မသိပါဘူး” ကျမ ရောက်သွားတော့ လူနာက ကုတင်ပေါ်မှာ ထိုင်လိုက် အိပ်ချလိုက် ထရပ်လိုက် နောက်ပြီး ပါးစပ်ကလဲ အဓိပ်ပါယ် ဖော်မရတဲ့ စကားတွေ တလစပ် ပြောနေပါတယ် အရက်ကြောင်တဲ့ လူနာတွေ တော်တော်များများ တွေ့ဖူးပါတယ် .. အခုလူနာက အရက်သောက်တတ်တာ မဟုတ် .. ရာဇဝင် မေးကြည့်တော့လဲ ဘာမှ ထူးထူးခြားခြား မပြောပြနိုင်ကြဘူး .. ချောင်းဆိုးလို့ ချောင်းဆိုးပျောက်ဆေးအရည် သောက်တယ် ဆိုတာရယ် လက်ဖက်ရည် သောက်တယ် ဆိုတာရယ်တော့ မှတ်မိလိုက်တယ် .. အခန်းရဲ့ နံရံ ဘောင်တန်းပေါ်မှာ ချောင်းဆိုးပျောက် ဆေးရည်ပုလင်းတွေ စီတန်းနေတာ တွေ့လိုက်တယ် .. ဒါပေမယ့် အဲဒီအချိန်မှာ ဂရိုက်မစ်ချာ ဇာတ်လမ်းကိုတော့ မေ့နေတာ အမှန် .. ဆေးခန်းကလဲ မနက် ဖွင့်တာ မဟုတ် .. ဒါကြောင့် လိုအပ်တာတွေ ညွှန်ကြားပြီး မသက်သာရင် ဆေးရုံသွားဖို့ လွှဲစာပါရေးပြီး တပါတည်းမှာခဲ့တယ် ..

ညနေ ဆေးခန်းဖွင့်တော့မှ လူနာရဲ့ အဒေါ် ရောက်လာပြီး ပြောပြမှပဲ ဇာတ်လမ်းက ရှင်းသွားတယ် .. “ဆရာမရေ .. ကောင်လေးက မသက်သာလို့ ဆေးရုံ ပြေးရလေရော .. သူတို့ ဆေးရုံသွားတဲ့အခါ ကျမက အိမ်မှာ ကျန်ခဲ့တော့ စဉ်းစားတယ် .. ငါ ချောင်းဆိုးပျောက်ဆေး တိုက်လိုက်တာများ မှားသွားသလားလို့ ပေါ့ .. ဒါနဲ့ ချောင်းဆိုးပျောက်ဆေး ပုလင်း ကြည့်လိုက်တော့မှ တံဆိပ်က မှန်တယ် .. အထဲမှာတော့ ကျမ အကြောတွေ တက်ပြီး လေဖြတ်ချင်သလိုလို ဖြစ်တုန်းက ဗမာဆေးဆရာ ဖော်ပေးထားတဲ့ လိမ်းဆေးတွေ ဖြစ်နေတာ တွေ့လိုက်ရတယ် .. အဲဒီတုန်းက ဆရာက ဆေးရည်ထဲမှာ ပဒိုင်းသီး ထည့်ထားတယ် လို့ ပြောသွားတာ မှတ်မိလို့ ဆေးရုံကို အမြန်ပြေးပြီး ပြောပြတော့မှ အစာလမ်းကြောင်းထဲ ရေ ထည့် ဆေး .. နောက်ပြီး ဝမ်းချူ ပေးလိုက်ကြတာ .. ညနေကျတော့ ကောင်းသွားတယ် .. အဲဒါ ဆရာမလဲ သိသွားအောင် လာပြောပြတာ” တဲ့

ကောင်းကြသေးရဲ့လား ဂရိုက်မစ်ချာရယ် .. အဲ အဲ .. ပဒိုင်းသီးရယ်

၂၀၀၄ ခု ဒီဇင်ဘာမှာ ရေးခဲ့တယ်

11 comments

  • hmee

    July 11, 2011 at 2:27 pm

    အားဆေးပုလင်းလို ပုလင်းထဲ ဓါတ်ဆီတို့၊ အင်ဂျင်ဝိုင်တို့ ထည့်ထားလို့ ဆေးထင်ပြီးသောက်မိတာတွေ အတော်များတာ။ ရှေ့ဖြစ်နိုင်တာကို ကြိုမတွေးတဲ့လူတွေ လုပ်လေ့လုပ်ထ ရှိတယ်။ ဒါကြောင့် ဆေးရုံဆေးခန်း မနီးတဲ့နေရာတွေမှာဆို အသက်တောင် ဆုံးကြရှာတာ။

  • ရွှေဘိုသား

    July 11, 2011 at 2:51 pm

    ဆရာမကတော. တော်တော်ကိုအကျပ်ရိုက်သွားမှာပဲနော်
    ဆေးရုံကဆရာတွေလည်း အဖြေရှာမရဖြစ်နေမှာသေချာတယ်
    ဆေးပုလင်းပြန်ကြည်.လို. တော်သေးတာပေါ.

  • pan pan

    July 11, 2011 at 3:12 pm

    အဲဒါကြောင့် အမေကပြောတာ၊ ဆေးကိုဆေးနေရာမှာပဲထားတဲ့
    တခြားလိမ်းဆေးဖြစ်ဖြစ်၊ သောက်ရန်မဟုတ်တဲ့ဟာတွေကို သပ်သပ်ထားရတယ်
    အမေဆိုရင် ဆေးပုလင်းအလွတ်တစ်ခု ယူသုံးရတော့မယ်ဆိုရင် အဲဒီပုလင်းရဲ့
    မူရင်းတံဆိပ်ကို ခွာပစ်လိုက်တယ်၊ ပြီးတော့ ဘာထည့်ထားတယ်ဆိုတာ စက္ကူလွတ်နဲ့ရေးကပ်ထားလိုက်ရော
    အဲတုန်းကတော့ အမေဘာအဓိပ္ပါယ်နဲ့ အဲလိုလုပ်လဲမသိဘူး၊
    အဲလိုမလုပ်လည်းရတာပဲပေ့ါ၊ အနံ့ရှုကြည့်ရင် သိတာပဲပေ့ါလို့ထင်နေခဲ့တာ
    အမေ့ကိုတော်တော်ကျေးဇူးတင်ရမယ်

  • athaylay

    July 11, 2011 at 3:12 pm

    ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။

  • AKKO

    July 11, 2011 at 3:22 pm

    ဒေါက်တာရေ တချို့ဆို သေသာ သေသွားတာ ဘာသောက်လို့ သောက်မိမှန်းမသိဘူး … ။ အဲ့ဒါမျိုးတွေကလည်း ရှိသေးတယ် 🙁

  • naywoonni

    July 11, 2011 at 7:38 pm

    အဲဒိလိုပဲ…။ စည်းစနစ်မရှိ ..။တွေ့ကရာပုလင်းလွတ်နဲ့ တွေ့ကရာဆေးတွေထည့်..။ ထားချင်ရာထား ..။ တော်သေးတာပေါ့..။ ကြွက်သတ်ဆေးနဲ့ မမှားလို့…………

  • padonmar

    July 11, 2011 at 10:33 pm

    ဆေးပုလင်းတွေဟောင်းပြီး ဘာဆေးမှန်းမသိတော့ရင်လည်း ပါရာစီတမောလေး……..ထင်ပါရဲ့ ဆိုပြီး မသောက်ကြဖို့လည်းလိုမယ်ထင်ပါတယ်။

  • zaw min

    July 12, 2011 at 1:49 am

    လွန်ခဲ့သော လေးငါးနှစ်လောက်က ကိုယ်တွေ့ကြုံဘူးတာကတော့ Coffe Shop မှာစားပွဲထိုးတဲ့ အလုပ်သမားတစ်ယောက်ပါ။သူက အရက်ကြိုက်တတ်သူပါ၊ညတိုင်းအရက်သောက်ပီးမှ အိပ်တတ်ပါတယ်၊သူကတစ်ရေးနှိုးရင် သောက်ရန်အတွက် အခန်းနံရံဘေးမှာ သောက်ရေဘူးတွေတန်းစီထားပါတယ်၊တစ်နေ့မှာ သူ့ရဲ့ အကိုဖြစ်သူက အဝတ်လျှော်ရန်အတွက် အလုပ်မှချွတ်ဆေးရည်များကို ရေသန့်ဘူးခွံနှင့်ထည်ပီးယူလာခဲ့ပါတယ်။သူလည်းအမှတ်တမဲ့ပဲ အခန်းနံရံဘေးမှာချထားလိုက်မိတယ်၊အဲဒီညမှာ ညီဖြစ်သူက တစ်ရေးနှိုးထပီး မူးနေတဲ့အရှိန်လေးနဲ့ ဆွဲမိရာရေဘူးထင်ပီး သောက်ချလိုက်ပါတယ်။ပီးတော့ အားပူတယ်ပူတယ် ဆိုပီးအော်တော့မှ အခန်းနေအဖေါ်များနိူးလာကြပီး၊ချွတ်ဆေးရည်သောက်မိမှန်းသိရတယ်၊ အိမ်မှာအစဉ်သင့်ရှိတဲ့ ကန်စွန်းရွက်ကို ထိုသူ့ပါးစပ်အတွင်းသို့ထိုးထဲ့ပီးမြိုချခိုင်းရတယ်၊ကန်စွန်းရွက်ကို မကျည်းသီးအနည်းငယ်ထည့်ပီးရေနဲ့သုံးခွက်တစ်ခွက်တင်လောက်ကြိုပီးပါးစပ်ထဲလောင်းထည့် အဲဒီနောက် သုံးခါလောက်ပြန်အန်ထွက်လာတယ် ဆေးရုံကိုပို့တဲ့အချိန်မှာ အခြေအနေတော်တော်ကောင်းသွားပါတယ်။အရေးပေါ် အစာအဆိပ်ဖြေနည်းပါ။ငယ်စဉ် ကိုရင်ဝတ်တုန်း ကိုရင်တစ်ပါးဓါတ်ဆီ သောက်မိတာကို ဆရာတော်ကဒီနည်းအသုံးပြုခဲ့တာကို သတိရပီး ကူညီခဲ့ဘူးပါတယ်။

  • ကြောင်ကြီး

    July 12, 2011 at 9:35 am

    ပဒိုင်းသီးရူးတယ်ဆိုတာ သဂျီးက ဆေးသိပ္ပံပညာမှာ မဆိုထားလို့ မဖြစ်နိုင်ဘူးတဲ့။ အဲဒါကြောင့် ဆရာတင်တဲ့ပို့စ်ကို အမှတ်လျှော့မယ်လုပ်နေတယ်…..

  • moethidasoe

    July 12, 2011 at 10:47 am

    ဆေးပညာအရ ရူး မရူး မသိတာတော့ အမှန်ပါ .. လျှော့မယ် ဆိုရင် လက်ခံပေးရမှာပေါ့ .. သဂျီးက သဂျီးပဲ ..

  • weiwei

    July 12, 2011 at 10:48 am

    ကျွန်မ တူမလေးနှစ်ယောက်ငယ်ငယ်က ဗမာဆေးတွေကို သိပ်ကြိုက်တယ် … ဘာဆေးအမှုန့်ဖြစ်ဖြစ် တွေ့တာယူစားလေ့ရှိလို့ လူကြီးဆေးတွေအားလုံး ဖွက်ထားရတယ် …

Leave a Reply