Ma MaOctober 9, 20112min27426
သံဝေဇနိယ ၄ ဌာနမှာ တွေ့ခဲ့ရတဲ့ နိုင်ငံအစုံက ဝတ်ပြုနည်း အစုံတွေကို မှတ်တမ်းတင်လာခဲ့တာတွေပါ။ ဘုရားပရဝဏ် တံတိုင်းဘေးနားမှာ ရွတ်ဖတ်ပူဇော်နေတဲ့ပုံပေါ့။ လက်တစ်ဖက်က စိပ်ပုတီး စိပ်နေသလို နောက်လက်တစ်ဖက်က ကြွေစေ့လေးတွေကို ကြွေပန်းကန်ပြားထဲ ထည့်လိုက် ပြန်စုကောက်လိုက်နဲ့ သူ့နည်းနဲ့သူ ပူဇော်နေတာလေ။ ဒါကတော့ တိဗက်ပူဇော်နည်းပေ့ါ။ အရှေ့ကတစ်ယောက်ကတော့ ကောင်းကင်ကသိုင်းလား၊ နေကသိုင်းလား ရှု့နေပုံပဲ။ အနောက်က တစ်ယောက်ကတော့ ထိုင်အရိယာပုတ်နဲ့ တရားရှုမှတ်နေတယ် ထင်ပါတယ်။ ဒါကတော့ လုမ္မိနီမှာ တွေ့ခဲ့တာ။ သူ့နည်းကလည်း တစ်မျိုး။ လက်နှစ်ဖက်ကို မြှောက်လိုက် ချလိုက်၊ ဘေးကို ဆန့်ထုတ်လိုက် လုပ်နေတာ ပုံစံကို စုံနေတာပဲ။ ဒါကတော့ ဝေဝေသတိပေးလို့ ထပ်တင်လိုက်တဲ့ သီရိလင်္ကာစတိုင် ခြေထောက်ဆင်းပြီး ဝတ်ပြုနေပုံဖြစ်ပါတယ်။ အတွင်းက ဓာတ်တော်တိုက်စေတီမှာ လူပြည့်နေလို့ အပြင်ဖက်ကနေ […]