cobraFebruary 5, 20111min24821
ဂျာမန်သုတေသီများ၏ New England Journal of Medicine တွင်တင်ပြချက်အရ အမျိုးသမီးများ၏ ရင်သားများကိုအမျိုးသားများနေ့စဉ်စိုက်ကြည့်ပေးပါက အသက်ရှည်စေကြောင်းသိရသည်။ ၁ဝ မိနစ်စိုက်ကြည့်ပါက အားကစားရုံတွင် မိနစ်၃ဝ ခန့်အားကစားလုပ်ခြင်းနှင့်ညီကြောင်း ဒေါက်တာ Karen Weatherby ကပြောကြားခဲ့သည်။ဤသို့ပေါက်ပေါက်ရှာရှာ စူးစမ်းမှုကို အသင်းဖွဲ့၍ ဒေါက်တာKaren Weatherby ကဦးဆောင်ခဲ့ခြင်းဖြစ်သည်။သူတို ့အဖွဲ့သည် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို ့ရှိ အမျိုးသား၂၀ဝ နှင့်သုတေသနပြုခဲ့ခြင်းဖြစ်သည်။၎င်းတို့အထဲမှ တစ်ဝက်ကို နေ့စဉ်ကြည့်ခိုင်းပြီး တစ်ဝက်ကိုသေချာရှောင်ကြဉ်ခိုင်းထားပြီးလေ့လာခဲ့ကြသည်။ငါးနှစ်ကြာသောအခါ နေ့စဉ်သေချာစိုက်ကြည့်ခဲ့သော အမျိုးသားများသည် မကြည့်သူများထက် သိသာခြားနားစွာ သွေးဖိအားအတက်အကျရောဂါကင်းဝေးခြင်း၊သွေးခုန်နှုန်းမှန်ကန်ခြင်းနှင့် လေဖြတ်ခြင်း၊နှလုံးသွေးကြောကျဉ်းရောဂါအန္တရာယ်များ နည်းပါးသွားကြောင်းအတည်ပြုနိုင်ခဲ့သည်။ “ဒီလိုလိင်နဲ့ဆိုင်တဲ့ စိတ်လှုပ်ရှားမှုဟာ နှလုံးကို သွေးညှစ်ပေးမှုတိုးတက်ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုကိုပါကောင်းစေတာ သံသယရှိစရာမရှိပါဘူး၊သေချာပါတယ် နောက်တစ်ချက်က ကြည့်တာချင်းတူတာတောင် ပိုကြီးတဲ့ရင်သားကို ကြည့်သူတွေကပိုအကျိုးထူးတာတွေ့ရပါတယ်။အသက်၄ဝကျော်တဲ့အမျိုးသားတွေဆိုရင်တော့ D-cup size နဲ့ သူ့အထက်တွေကိုကြည့်သင့်ပါတယ် “လို့ဒေါက်တာကပြောသွားပါတယ်။(သူပြောတဲ့ […]