candle .September 19, 20121min38834
ယောက်ျားလေးများသော မိသားစုတွင် ကြီးပြင်းခဲ့ရသည့်အလျောက် ယောက်ျားလေးများနှင့် ပတ်သတ်သည့် ဆေးနည်းကောင်းလေးများကို အမှတ် ထင်ထင် ရှိခဲ့ရပါသည်။ အကိုများ မောင်များ၏ လက်တွေ ့ကျကျ ရောဂါ ပျောက်ကင်းမှုများကြောင့်လည်း နီးစပ်ရာ အမျိုးသားသူငယ်ချင်း မိတ်ဆွေများကို လက်တို ့လမ်းညွှန်ကြည့်ရာ အမှန်တကယ်ပျောက်ကင်း ကြကြောင်းသိရပြန်ပါသည်။ သို ့နှင့် နှစ်ပေါင်းများစွာ နှုတ်၏ စောင်မခြင်းနှင့်ဆေးညွှန်းပေးခဲ့ရာ ယခုလည်း ဤရွာလေးထဲမှ ဦးဦး၊ အကို၊ မောင်လေးများသို ့ထပ်မံမျှဝေလိုပါသည်။ ဆေးနည်း မှာ အမျိုးသားများ ယခင်ပုံမှန် အခြေအနေထက် အကြိမ်ရေ ပိုများစွာ မကြာခဏ ဆီးသွားနေပါက မောပန်းနွမ်းနယ်၍ အားအင်ကုန်ခမ်းသလို ဝေဒနာခံစားလာရပါမည်။ ထိုအခါ မီးဖိုချောင်သုံး ဂျင်း အနည်းငယ်ယူ၍ ခပ်ပါးပါး ခပ်မျှင်မျှင်လေးများဖြစ်အောင်လှီးပါ။ ကွမ်းသီးခပ်ကြီးကြီးတစ်လုံးစာခန် ့ရသောအခါ သကြားကွမ်းသီးတစ်ခြမ်းစာခန် ့ထည့်ှု၍နယ်ပြီး […]