manawphyulayFebruary 16, 20121min35618
ဒီကနေ့ မနက်တော့ အဓိပတိလိုင်းကား အမျိုးသမီး သီးသန့်ယာဉ်လိုင်းဆိုတဲ့ဆိုင်းဘုတ်နဲ့ကား တက်စီးလာမိတယ်။ ကားပေါ်မှာက အမျိုးသမီးများသိပ်တော့မပါဘူး။ ဒါနဲ့ နှစ်ယောက်ထိုင်ခုံမှာ မနော ထိုင်လိုက်ပါတယ်။ ရှေ့က နှစ်ယောက်ထိုင်ခုံမှာ ထိုင်နေတဲ့အမတစ်ယောက်က ဘေးက သူတွေကို မေးနေတာ တွေ့ရတယ်။ ခုလိုမျိုးကားစီးရတော့ ဘယ်လိုနေပါသလဲ။ ဘယ်လိုခံစားရပါသလဲလို့ မေးနေတာကို နားစွင့်လိုက်မိပါတယ်။ အန်တီတစ်ယောက်က ဖြေပါတယ်။ “သမီးရေ ဒီလိုစီးရတာ အဆင်ပြေပါတယ် ဒါပေမယ့် သားအမိနှစ်ယောက်စီးမယ်ဆိုရင်ကော ရလားတဲ့ သားလေးက ၆ နှစ်ရှိပါပြီတဲ့” ဒီတော့ မေးတဲ့အစ်မက ပြန်ပြောတယ်။ “ဟုတ်ကဲ့ ဒါတော့ ကျွန်မတို့ကို ဘာမှမပြောထားပါဘူးတဲ့” အင်း သူပြောသလို ဖြစ်သင့်တာပေါ့နော်။ ရင်ခွင်ပိုက်သားသည်အမေတွေကော စီးခွင့်မရှိတော့ဘူးလားပေါ့။ ကားဂိတ်တိုင်း အတွဲတွေ စီးမယ်လုပ်တော့ ယောက်ျားလေး တက်ခွင့်မရှိလို့ အမျိုးသမီးက တက်ပြီးမှ ပြန်ဆင်းရတာတွေလည်း […]