Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


fattyOctober 25, 20111min40312
ကမာရွတ်လှည်းတန်းတော့ရစ်ပြီးပြီ။ အစာကပြောသလို ကျနော်ကအစွဲအလန်းကြီးတတ်တယ်နော် ဆယ်တန်းအောင်တော့ DSA သုံးခါဖြေတယ် မရဘူး။ တင်သန်းဦးရဲ့စစ်တက္ကသိုလ် ကအကြောင်းတွေဖတ်ပြီးရူးခဲ့တာလေ ..။ သူနဲ့လဲဆုံမယ်လို့မထင်ခဲ့ဘူး ဖြစ်ချင်တော့ ကျနော်မြန်မာ့ရုပ်သံရောက်တော့ သူတို့က သူတို့ကဆိုတာ သူရယ်မြသန်းဇံရယ် ……………..။ ကျနော်တို့ဆီလာပြီးတပည့်ခံကြရတယ် အဟဲနောက်တာပါ လာလေ့ကျင့်တာပေါ့ ..။ အဲတုန်းက သူက ဒုဗိုလ်မှုးကြီး ကျနော်က ကြိတ်ပြီးအားကျတာပေါ့ ၈၈ မတိုင်ခင်အထိပေါ့ ကျနော်စမ်းချောင်းမြေနီကုန်းက မိုးနတ်မယ်ဆိုင်မှာ သွားသွားသောက်ဖြစ်တယ် …။ တကာကတော့ တင်သန်းဦးပေါ့ …။အဲဒီမှာ စမ်းချောင်းစခန်းက ဒုရဲအုပ်တယောက် နဲ့ ခင်နေတယ် သူကလဲ ညနေတိုင်းလာသောက်တယ် ..။ ကျနော်ကနဂိုကထဲက ယူနီဖေါင်းဝတ်ချင်နေတဲ့ကောင် သောက်ဖြစ်မရှိလို့မဖြစ်တာလေ (မဖြစ်တာဘဲကျေးဇူးတင်ရမယ် ) ဥိးလေးက ဆက်သွယ်ရေးက ဒုတပ်ရင်းမှုး နောက်ဦးလေးက စခန်းမှုးလေဗျာ ..။ သွေးပါတာပေါ့နော …။ […]


နွယ်ပင်August 23, 20111min3408
ဒီရက်ပိုင်းလေး အလုပ်တွေများနေတာနဲ့ အမှတ်တရတွေတောင် သတိမရနိုင်အောင်ဖြစ်နေလို့ အခုမှပဲ ပြန်သတိရလိုက်ဦးမယ် ဒီတစ်ခါအမှတ်တရလေးက အလုပ်ဝင်ဝင်ချင်းမှာ ကိုယ်တိုင်အင်တာဗျူးတာမဟုတ်ဘဲ သူများမေးတာကို ဘေးကနေလိုက်ပြီး သင်ခန်းစာယူခဲ့ရတဲ့ အမှတ်တရအင်တာဗျူးလေးပါ . ။အဲ့နေ့က နွယ်ပင်က အလုပ်ဝင်တာ တစ်ပတ်တောင်မကြာသေးတဲ့အတွက ်အင်တာဗျူးမေးတာ အတွေ့အကြုံရအောင်ဆိုြ့ပီး မန်းနေဂျင်းဒါရိုက်တာမမကြီးက စီနီယာအစ်ကိုကြီး အင်တာဗျူးတဲ့ဆီကို နွယ်ပင့်ကိုထည့်လိုက်တယ် ။သူမေးရမယ့် သူကလည်း အဲ့အချိန်တုန်းက တကယ့်ကြော်ငြာစူပါစတားမင်းသမီး အင်တာဗျူးရဖို့တောင် မနည်းချိတ်ထားရတာဆိုတော့ နွယ်ပင်အတွက် တစ်ကယ့်ကို အကျိုးရှိစေမယ့်ပထမဦးဆုံးသင်ခန်းစာလေးပေါ့ မင်းသမီးက ရှူတင်ကိုချိန်းလို့ လိုက်သွားတော့ မင်းသမီးအခန်းမရိုက်ရသေးတာနဲ့ ရောက်ရောက်ချင်းပဲ တန်းမေးလို့ရခဲ့တယ် မင်းသမီးကလည်းမေးမျှကို စိတ်ရှည်လက်ရှည်နဲ့ဖြေပေးခဲ့တာ တကယ့်ကို ကျေနပ်စရာကိုကောင်းခဲ့ ပါတယ် ။ အင်တာဗျူးလဲပြီးရော ကျေးဇူးတင်စကားတွေဘာတွေပြောပြီး ပြန်တော့ လမ်းလဲရောက်ရော မေးထားတဲ့ ဟာလေးကို ပြန်လဲ ဖွင့်ကြည့်လိုက်ရော ကတ်ဆက်က ဘာဖြစ်တယ်မသိပါဘူး […]


နွယ်ပင်August 20, 20111min40814
နွယ်ပင် အလုပ်လုပ်တဲ့ မဂ္ဂဇင်းက ကဏ္ဍာအသစ်လေးတွေကိုလဲ အယ်ဒီတာတွေက စဉ်းစားပေးရတယ် တစ်ခြား မဂ္ဂဇင်းကမဟုတ်တဲ့ ကိုယ်ပိုင် ကဏ္ဍာလေးတွေကို မန်းနေဂျင်းဒါရိုက်တာဆိုတဲ့ မမကြီးဆီကို တင်ပြပြီး သူက သဘောတူရင် လုပ်ပေးရတယ် ။ ကဏ္ဍာ အသစ်ကို စပြီးစဉ်းစားပြီဆို အရမ်းကို ဦးနှောက်စားပြီး စိတ်ညစ်စိတ်တိုတဲ့ နေ့ရက်တွေပါပဲ နောက် ကဏ္ဍာကလည်း တစ်ခုထဲ မဟုတ်ဘဲ နှစ်ခု သုံးခုလောက်ကို တစ်ခြား မဂ္ဂဇင်းတွေနဲ့ မတူတဲ့ ကိုယ်ပိုင်စစ်စစ်တွေဖြစ်အောင်လဲ ဂရုစိုက်ရသေးတယ် နွယ်ပင်နဲ့ နွယ်ပင်ရဲ့တစ်ယောက်သောသူက entertainment ဘက်ကို တာဝန်ယူထားရတော့ အဲ့အချိန်ဆိုရင်တော့ တကယ့်ရန်သူတွေလိုမျိုး စကားများကြ ရန်ထောင်ကြနဲပေါ့ ။နောက်ဆုံး နှစ်ယောက်လုံး သဘောကျပြီး အဆင်ပြေမယ့် ကဏ္ဍာလေးကို စဉ်းစားမိကြတယ် ဒီဟာလေးက အနုပညာရှင်တွေရဲ့ အခြားတစ်ဖက်ကလုပ်ဆောင်နေတဲ့ အနုပညာနဲ့ ပတ်သတ်တဲ့ […]


နွယ်ပင်August 19, 20111min60227
ဒီတစ်ခါ အမှတ်တရလေးတွေကတော့ အတင်းလေးတွေပါမယ်ထင်တယ် ၊ အနုပညာရှင် အချို့က အင်တာဗျူးမေးရင်တာ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားနေပါတယ် ဘာတယ်ပြောပြီး တကယ်တမ်းမေးတော့ မကြိုက်ကြတာတွေလဲရှိတယ် ။ နွယ်ပင်အလုပ်လုပ်ခဲ့တဲ့ မဂ္ဂဇင်းမှာ ပရိသတ်တွေက ရေးတဲ့စာတွေကို Celebrity တွေကပြန်ဖြေပေးရတဲ့ ကဏ္ဍာလေးရှိပါတယ် ပရိသတ်တွေဆီက တိုက်ရိုက်ရေးပေးတဲ့စာတွေကို ပြပြီး သူတို့ဖြေပေးထားတာတွေကို စာမျက်နှာထက်မှာ ပြန်လည်ဖော်ပြပေးထားတာပေါ့ ။ အဲဒီမှာ တနလာင်္နံနဲ့ စပြီး နာမယ် (3) လုံးပါတဲ့ မင်သမီးလေးဆီကို ပရိသတ်က စာရေးတော့ သူကို့ပြန်ဖြေပေးဖို့ ဖုန်းဆက်တော့ ရှူတင်ကိုလာခဲ့ပါဆိုတော့ မနက် (12း00) နာရီလောက် ကသွားတာ မင်းသမီးရဲ့ အခန်းတွေရိုက်နေတာ ထိုင်စောင့်နေရတယ် (ရိုက်တာကလည်း ကားကြီးဆိုတော့ အကြိမ်ကြိမ်ရီဟာဇယ် လုပ်ပြီးမှ ရိုက်တာကိုတွေ့ရပါတယ် ) မင်းသမီးက သူ့အခန်းပြီးလို့ ဖြေပေးမလားဆိုတော့ […]


နွယ်ပင်August 18, 20111min52319
နွယ်ပင် တစ်ယောက်ကတော့ အင်တာဗျူးမေးရင်ခွေးနဲ့ တော်တော်အကျိုးထူးပုံရပါတယ် ။ ဒီတစ်ခါ မေ့လို့မရတဲ့ အင်တာဗျူး အတွေ့အကြုံလေးက (NO) အဖွဲ့က ရည်မွန်ကိုမေးတာလေးပါ ။ ရည်မွန်ကလဲ အိမ်ကိုပဲ လာမေးပါလား အစ်မရယ်ဆိုတော့ ညနေဘက် အလုပ်ပြန်ချိန်လေး သွားမေးတယ် ဒီတစ်ခါတော့ အင်တာဗျူးကို တစ်ယောက်သော သူကိုပါရအောင်ခေါ်သွားဖြစ်တယ် ။ ရည်မွန်တို့ အိမ်ကိုရောက်ရောက်ချင်းမှာပဲ တံခါးဖွင့်ယုံရှီသေးတယ် နွယ့်ပင်အချစ်တော်လေးတွေပြေးထွက်လာပြီး ဟောင်ကြတာ အမလေး နည်းတာမဟုတ်ဘူး အနည်းဆုံးမရှိဘူးဆို (5) ကောင်လောက်ရှိမယ် ။တစ်ကောင်သောခွေးကလေးက အရပ်လေးပုနေတော့ သူကဆိုဖာတွေပေါ်ပြေးတက်ပြီး နွယ်ပင်နဲ့ အနီးဆုံးနေရာလောက်ရောက်အောင်လာပြီး အသားကုန်ကို ထိုးပြီးဟောင်နေတော့ပဲ ကိုယ်ကလဲ အစကတည်းကကြောက်နေတာဆိုတော့ အခုလို အစုလိုက်အပြုံလိုက်လဲ ဟောင်ရော အင်တာဗျူးလာတာကို မေ့ပြီး ဘေးနားက တစ်ယောက်သောသူကို အားကိုးတစ်ကြီးနဲ့ ” မောင်ရေ ကယ်ပါဦးတွေ […]