သူက အိုးသူကြီး ထမင်းငတ်တဲ့ကိန်း၊ အဝေမတတ် ဆရာငတ်တဲ့ ဇာတာ၊ အများအကျိုးဆောင်ကိုယ့်ပုဆိုးပေါင်သက်ရောက်ဂြိုလ်စား၊နဲ့ သူများရေးသော ပို့စ်လေးတွေကိုကောင်းနိုးရာရာ ပြောပြနေခဲ့သူပါ။ ဟိုလူချော့ရင်း ဒီလူသိပ်ရင်း နောက်ဆုံးတော့ အိပ်ရေးပျက်ရသူဟာ “သူ”ပါ။ ချော်လဲရင် ဖုံတွေခါကာရယ် ထူပေးချင်သူ တယောက်ကို မေ့နေမိတယ်။ သူမှာလည်း သူ့ချောင်းရေနဲ့ လောင်းလှေနဲ့လှပတင့်တယ် အလှချယ်နိုင်သူပါ။ သူ့ကို ကျနော် ဖော်ထုတ်ပြသကြည့်ပါမယ်။ လိုအပ်ရင် ကျနော်ညံ့လို့သာပါ။ သူ သို့မဟုတ် ကိုဘလက်။ သူရေးထားတဲ့ ဂေဇတ်အညွန်းဆိုတာ ရေးနိုင်ဘို့ ဘယ်လောက် ဖတ်ရမယ်ဆိုတာစဉ်းစားကြည့်ရင်သိပါတယ်။ ပြီးတော့ သူဟာ(ကျနော့ထက်) ကော်မန့်တွေကိုလဲ လူမှူတာဝန်ကျေစွာရေးနိုင်သောသူပါပေ။ သူရေးတဲ့ စာထက် သူများရေးတဲ့စာရဲ့ ကောင်းသော အချက်တွေကိုရှာဖွေပေးတဲ့သူ့ “စေတနာ” အပြည့်ပါသော “တံခါးစောင့်” “တံခါး” ပါသော စာများကတော့ အထူးပြောစရာမရှိ၊ နဖူးကြောသာကြည့်၊ ဦးဩဘာ […]