ကိုဘလက်ချောရဲ့ တသက်ပြောစရာ စာစီသပုံက
သူက အိုးသူကြီး ထမင်းငတ်တဲ့ကိန်း၊ အဝေမတတ် ဆရာငတ်တဲ့ ဇာတာ၊
အများအကျိုးဆောင်ကိုယ့်ပုဆိုးပေါင်သက်ရောက်ဂြိုလ်စား၊နဲ့
သူများရေးသော ပို့စ်လေးတွေကိုကောင်းနိုးရာရာ ပြောပြနေခဲ့သူပါ။
ဟိုလူချော့ရင်း ဒီလူသိပ်ရင်း နောက်ဆုံးတော့ အိပ်ရေးပျက်ရသူဟာ “သူ”ပါ။
ချော်လဲရင် ဖုံတွေခါကာရယ် ထူပေးချင်သူ တယောက်ကို မေ့နေမိတယ်။
သူမှာလည်း သူ့ချောင်းရေနဲ့ လောင်းလှေနဲ့လှပတင့်တယ် အလှချယ်နိုင်သူပါ။
သူ့ကို ကျနော် ဖော်ထုတ်ပြသကြည့်ပါမယ်။ လိုအပ်ရင် ကျနော်ညံ့လို့သာပါ။
သူ သို့မဟုတ် ကိုဘလက်။
သူရေးထားတဲ့ ဂေဇတ်အညွန်းဆိုတာ ရေးနိုင်ဘို့ ဘယ်လောက် ဖတ်ရမယ်ဆိုတာစဉ်းစားကြည့်ရင်သိပါတယ်။
ပြီးတော့ သူဟာ(ကျနော့ထက်) ကော်မန့်တွေကိုလဲ လူမှူတာဝန်ကျေစွာရေးနိုင်သောသူပါပေ။
သူရေးတဲ့ စာထက် သူများရေးတဲ့စာရဲ့ ကောင်းသော အချက်တွေကိုရှာဖွေပေးတဲ့သူ့ “စေတနာ” အပြည့်ပါသော
“တံခါးစောင့်” “တံခါး” ပါသော စာများကတော့ အထူးပြောစရာမရှိ၊ နဖူးကြောသာကြည့်၊
ဦးဩဘာ တပည့် မလို့ အချိုပေါ်သကာဆင့်၊ အပျိုပေါ်ကညာတင့် သလို ဘာ”ဆို”တာမပြောတော့ပါဘူးဗျာ။
အဲ…..ရေးထားတဲ့အထဲက “အလေ့ကျ ပေါက်ပင်” ဆိုတဲ့ ပို့စ်လေးမှာ
(သစ် ပင် ဘ လက် ချော ရွှင် လန်း ပါ စေ)
“သစ်” ပင်ဖြစ်လာရင်
“ပင် “စည်နဲ့ခိုင်မာလာမှာပါ
” ဘ” ဝကိုပုံရိပ်ဖော်သလို
“လက်”တွေ့ကျတဲ့အပွင့်လေးတွေ
ချော”မွေ့နေတဲ့ရိုးတံမှာ
“ရွှင်”ပြစွာကခုံကြရင်တော့
“လန်း” ကြည်စွာရှူချင်ကြမှာဘဲ
“ပါ” ပအဆိုးတရားတွေကိုဖျောက်ပေးပြီး
“စေ ” တလုံးနဲ့”ခင်ဗျား”အားလုံးကိုပြုံးစေခဲ့သူပါ၊ကိုဘလက်ချောရေ။
လို့ ကျနော်ဆုတောင်းပေးခဲ့လို့ ထင်ပါရဲ့ဗျာ
ကိုဘလက်က လေ….” ဇ ” ရှိသူများ အလိုရှိသည် ” ဆိုပြီး “ထ”အော်ပါလေရောဗျို့။
သူလဲ နိုင်ငံချစ်သူတယောက်ဆိုတော့ ကိုယ့်နိုင်ငံအတွက် လုပ်နိုင်စွမ်းတဲ့ သူတွေကို သူဖိတ်ခေါ်တယ်ပေါ့ဗျာ။
အဲဒီလိုလဲ ဖိတ်ခေါ်ပြီးရော ၊ ကော်မန့်တွေတက်လာတဲ့အပေါ် “သိပ်ပျော်”သွားပုံရတဲ့ ဗျ။
အိမ်သူသက်ထားကိုအမှူးထားပြီး၊ ဦးစားပေးရမဲ့လူကြီးသူမ၊ ယောက်ခမအပါအဝင်၊
R+ အာရ်ပလပ်စ်ဖိုးလေးကိုအသာနှင်ပြီး၊
ဟိုးအရွာအပြင်ကိုထွက်၊ နေပြည်တော်ဘက်ကိုတွင်မက မန်းလေးကိုပါ ခရီးပေါက်ခဲ့ကြောင်းပါတဲ့။
၁.မန္တလေးရောက် ဘလက်။၂.ရန်ကုန်သား အငှားလွမ်းတဲ့ မန်း တက္ကသိုလ်။
၃.ဘလက်ရဲ့ နေပြည်တော် မန္တလေးသွား တောလား-1 ။၄.ဆာဖာရီ ရိုက်ချက်များ။
၅.ဘလက်ရဲ့ နေပြည်တော် မန္တလေးသွား တောလား-2 ၆။အမည်ပေးမထား ပို့စ်တွေ
ကို မဖတ်ရရင်ဖြင့် ဂေဇက်ဝင်ရကျိုးမနပ်ဖြစ်မယ်လို့ကို သဟာရဆန်ဆန်နဲ့ အာမခံလိုက်ပါပေရဲ့ ဗျာ။
၁။ဖတ်ဖြစ်အောင်ဖတ်ပြီး ဖြေကြည့်ပေးကြဘို့ ဆိုတဲ့ ပို့စ်လေးရယ်
၂။သင်ပေး ပြပေး လို့ မရသော အရာ ဆိုတဲ့ပို့စ်လေးရယ်
၃။လူတိုင်းလည်း လုပ်နေကြတာပဲ အရေးမကြီးပါဘူး ပို့စ်လေးရယ်
၄။ကျင့်ဝတ်စောင့်ထိန်းသော ထူးချွန်ထက်မြက်သူ ပို့စ်လေးရယ်ဟာ တခုစီဖြစ်ပေမဲ့ ဆက်စပ်နေတဲ့
အကြောင်းအရာလေးပါ။
ဝန်ထမ်းတယောက်ရဲ့ ရိုးသားမှု၊ ကျေးဇူးသိတတ်မှု အပေါ်အဆုံးအဖြတ်လို့ စဉ်းစားစေချင်တဲ့ ပို့စ်လေးနဲ့
ကိုယ့်ကျင့်တရားကိုကောင်းအောင် ပြုပြင်ပေးလို့ရမရဆိုတဲ့ ဆက်စပ်မှုကို တွေ့ရမှာပါ။
တကယ်တော့ လူတိုင်းမှာရှိသင့်တဲ့ ကိုယ်ကျင့်တရား နဲ့ အမှန်တရားကိုချစ်မြတ်နိုးမှု( ဗိုလ်ချုပ်စကားလို့
ဆရာမောင်စိန်ဝင်းကပြောခဲ့ဘူးတဲ့) စကားတွေရဲ့ လေးနက်မှုကို ကိုဘလက်ရဲ့ တမျိုးတဘာသာ
တင်ပြမှုဆိုတာ ညွန်းပါရစေ။
လူတယောက်ရဲ့ ဘယ်လက်နဲ့ညာလက်လို ဖြစ်တဲ့အဲဒီလူ့ဘဝအတွက် အရေးကြီးဆုံးအရာ ၂ ခုကို
ကိုဘလက်က ပို့စ် ၄ ခုနဲ့ပြောပြသွားခဲ့တာပါ။
ဆရာကြီးမောင်သာရအတွက် ဂဇက်က တံခါး အမြဲ ဖွင့်ထားပါသည်။ ဆိုတဲ့ ဂါရဝေါစ၊နိဝါတောစ တရားကို
ဂေဇက်မင်ဘာများကိုယ်စား ကိုဘလက်ကဆရာကြီးကို ဂါရဝပြုထားတဲ့ ပို့စ်လေးလဲဖြစ်သလို ထုံးစံအတိုင်း
အားလုံးရဲ့စာထဲက ကောင်းသောညွန့်သော၊အားရှိသော စာများကို ဖတ်ညွန်းလေးလဲဖြစ်ပြန်ပါတယ်။
ဂဇက်သမိုင်းထဲက weiwei ၏ မှတ်တိုင်များ။ဆိုတဲ့ စာစုလေးကတော့ ဂေဇက်ရဲ့
အကယ်ဒမီမင်းသမီးမဝေဝေရဲ့အကယ်ဒမီပြကွက်များကို လှချက်များနဲ့ ရည်ရွယ်၊ စီချယ်ထားပုံကလဲ
လက်ကုန်မို့ တသက် မယုံစရာ ရိုက်ချက်ဖြာလှတဲ့
Tibet ခရီးစဉ် ၅။ဧဝရက်တောင်သွားတောလား ဆိုတာတွေရဲ့ အမှန်သရုပ်ကို ဖော်ထုတ်ထားတဲ့
ကိုဘလက်ရဲ့အံ့မခန်း တူးဆွခြင်းကို ရင်သပ်ရှူမော တွေ့ချင်ရင်ဖြင့် ခုဒီစာဖတ်နေတာကိုရပ်ပြီး
ပြေးကာဖတ်စေချင်တာပါဘဲဗျို့။
NLD ပညာရေးကွန်ယက် တစ်နှစ်ပြည့် ရံပုံငွေ ဈေးရောင်းပွဲ ကျင်းပ ဆိုတဲ့ပို့စ်လေးကတော့
ကိုဘလက်ရဲ့ မန်းဂေဇက်အပေါ်ချစ်ခြင်းကြီးမားပုံကို မြင်လိုက်ရတာပါဘဲ။
အမေတွေကိုစော်ကားသူဘလက်ရန်သူ ဆိုတဲ့ “တတ်ဂ်”လေးနဲ့ ရေးထားတဲ့
ဖလန်းဖလန်း မကြိုက်သော ဘလက်။ မှာတော့
“ကျွန်တော် ပြောချင်သည်မှာ ဟာသရုပ်ရှင်တွေ ရိုက်စရာဇာတ်တွေ အများကြီးရှိပါလိမ့်မည်။
ဒီလို အမေလုပ်သူ ဆတ်စလူးထပြီးနန့်နေပျံနေတာမျိုးကို ဟာသလုပ်ပြီး အမေ တွေကို
စော်ကားတာမျိုးတော့ မရိုက်ကြဘို့ တောင်းဆိုချင်ပါ သည်မြန်မာ့ရုပ်ရှင် ဒါရိုက်တာများ ခင်ဗျား။”
ဟူ၍ ကိုဘလက်ကအတိအကျ ဆိုထားပါသည်။
pooch တင်ခဲ့တဲ့ မနုသလူသားဆိုတဲ့ ပို့စ်လေးကို ပြန်ဖတ်ရင်း ကိုဘလက်က
ပေါ့ပေါ့ပါးပါး ပဲ နော် ဆိုပြီး တကယ် လေးလေးနက်နက်ကြီး ရေးထားတဲ့ “လူပီသဖို့”
အကြောင်းရေးထားပုံလေးကလဲ သတိထားစရာ၊ပြုပြင်ဆင်ခြင်စရာများ ကို မီးမောင်းထိုးပြထားပါတယ်။
အခုတလော ကိုဘလက်ရဲ့ မာစတာပိစ် လို့ဆိုရရင်တော့……..
ငပိထောင်းစပ်စပ်ဟင်းနဲ့ လာသမျှဂေဇက်သားတွေကိုဝမ်းနာ၊ခေါင်းကိုက် အကြောင်းဆိုက်စေတဲ့
ကိုကိုသံတွဲသားများရဲ့ “ချစ်ခြင်းငယ်ပြိုင်,ဘယ်သူနိုင်”ဇာတ်တော် ကြီးရဲ့ မပြီးဆုံးနိုင်တဲ့ဇာတ်လမ်းတွဲကြီးကို
သံတွဲ ဂဇက် ဆိုတဲ့ ပို့စ်နဲ့ ဂေဇက်ရဲ့ ဂုဏ်ကိုလုံခြု ံရေးယူလိုက်ပုံလေးကတော့ ကောင်းချက်ဗျာ။
ထောင်းနှက်နေကြတဲ့ အဲဒီအချင်းချင်းတွေ ကို ဗျင်းလိုက်တဲ့သူကြီးဆော်ချက်မှာ အော်ထွက်သွားတာက
မှော်စရာ၊တော်တော်ကြာတော့ ယတြာလဲမနိုင်၊အဆောင်လက်ဖွဲ့လဲမရတဲ့ အင်တာနက်မှာ ဝင်မရလို့တဲ့အထဲ
အပျိုမြင်ကြည်ဖြု၊ကိုရင်စည်သူကပါသွား ။
ဟော ဟော ဘာဘဲဖြစ်ဖြစ်သိုင်းညီနောင် ပီသစွာ ခုန်ပျံကျော်လွှားဝင်လာကြပုံကတော့
အားလုံးရဲ့မျက်မြင်ကိုယ်တွေ့ပါဘဲ။ ……….စွမ်းပါပေ့ဗျာ။
ကဲ …….. ကျန်တာတွေကတော့ ဂေဇက်တံခါးဇာက်လမ်းများမှ ကိုဘလက်ရဲ့ စွမ်းပကားများဖြစ်လေတော့၊
ဖတ်သူမရှိဖြစ်မယ်လို့ထင်ပါရဲ့နော်။ သူကြီးကလဲ စတစ်ကီ ပေးထားလေတော့
ကောင်းလေစွ၊ကောင်းလေစွ လို့သာ ထောပနာအမှု ဟိုင်းလိုက်ပြုရပါသည် ဗျား။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားလုံးကိုလေးစားစွာဖြင့်
မောင်သစ်မင်း (^^)
16 comments
ကိုရင်စည်သူ
November 26, 2011 at 8:20 pm
ရွာကို ချစ်တဲ့ ကိုဘလက်ချောရဲ့
တန်ဖိုးထား ရေးသားမှုကို လေးစားမိတယ်..
တံခါးစောင့်ကြီးကို ချီးကျူး ဂုဏ်ပြု
ရေးသားပေးတဲ့ ကိုကိုသစ်ကို လေးစားမိတယ်…
သဂျီးလက်နက်ကြီးနဲ့ ထုတာ ပါသွားတဲ့
ကိုရင်တို့လို မေတ္တာသမား ရွှေရွာသားတို့ကိုလည်း
လေးစားတယ်…
အားလုံးကို လေးစားတယ်ဗျာ….
စကားချပ် ။ ။ ကိုကိုသစ်ရေ… အဘန်းခံလိုက်ရထဲက ကိုရင်လည်း ညစ်ညစ်နဲ့
သုဂတော ဂုဏ်တော် ပုတီးထိုင်စိတ်နေလိုက်တာ.. သဂျီးခမျာ မအိပ်နိုင်မစားနိုင်ဖြစ်ပြီး..
ပြန်ဖွင့်ပေးလိုက်ရတယ်ဆိုပဲ… 🙂 🙂
windtalker
November 26, 2011 at 8:24 pm
ကစ်သို ပြောတဲ့ ဘလက်ဘရားသားအကြောင်း..
ဖတ်လို ့အလွန်ကောင်း…
မှော်ဆရာ
November 26, 2011 at 8:29 pm
အများအကျိုးဆောင်ရင်း ကိုယ့်အကျိုးအောင်တာ ပရဟိတ တဲ့
ပရဟိတသမားကြီး ကိုဘလက်
ဆက်လက် အောင်မြင်ပါစေ …..
blackchaw
November 26, 2011 at 8:47 pm
ကိုရင်စည်သူ နဲ့ မှော်ဆရာတို့ မရှိလို့ ဂီဂီ လေးပျင်းနေတာ
နေ့လယ်က အော်ကိုနေတော့တာပဲဗျို့။
ကိုပေကလည်း နေ့လည်က အိပ်ပျော်နေသတဲ့။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အထူးသဖြင့် ကိုသစ်မင်း ကိုပါပဲ။
မရည်ရွယ်ပါဘူး။ ဘလက် က ဒီလိုကြီး မရည်ရွယ်ပါဘူးဗျာ။
ချက်ခြင်းကြီး ရေးပေးလေသော ကိုသစ်ရဲ့ ကိုယ်ချင်းစာစိတ်ကို
ကိုယ်ချင်းစာတတ်သူချင်း မြင်နိုင်တာကြောင့် လေးစားမိပါတယ်။
TTNU
November 26, 2011 at 9:11 pm
ကိုသစ်မင်းရေ…
ကိုဘလက်ချောအမွှန်းရသစာစုကို ဖတ်ရတာ စိတ်အလွန်ချမ်းသာပါပေ့ကွယ်။
မောင်ရင်ကလည်းအရေးအဖွဲ့မှာညွတ်နေတာပါပဲ။ ကိုတံခါးမှုးကြီးစာတွေကလည်းဂွတ်နေတာပါပဲ။
ကျုပ်တို့တော့ ဂဇက်ဝင်ရကျိုးတွေကိုနပ်နေတောတာပါပဲ။
အားကျစရာအလွန်တရာကောင်းလွန်းလို့ မေးလိုက်စမ်းချင်ပါရဲ ့။
” ရှင်တို့ ဘာမှော်တွေများအောင်ထားကြတာပါလိမ့်” လို့။
(ကောင်းလေစွ၊ကောင်းလေစွ လို့သာ ထောပနာအမှု ဟိုင်းလိုက်ပြုရပါသည် ဗျား။) ကိုအတုခိုးပြီး
ပြောလိုက်မယ်….(ကောင်းလေစွ၊ကောင်းလေစွ လို့သာ ထောပနာအမှု ဟိုင်းလိုက်ပြုရပါသည် ရှင့်)။ 🙂
inz@ghi
November 26, 2011 at 9:34 pm
ဆြာသစ် ကျေးကျေး…
ဆြာဘလက် ဘရာဗို….
ချီးယာ့စ့် ….
windtalker
November 26, 2011 at 9:47 pm
ချီးယာ့စ်
ဂွက်…ခွက်
ဟာ ခွက်တွေ ကွဲကုန်ဘီ…
အရှိန်နဲနဲ ရနေသဖြင့် ၊ ဖန်ခွက်တိုက်ရာ ကို အားလွန်ပြီး အရက်ခွက်များ ကွဲကုန်သည် ။
အင်ဇာဂီ မှ အော်ပြောသံ ..
“ ဖြိုးရေ ၊ မှောင်တို ့ဒီမှာ ဖန်ကွဲစတွေ ကို သန် ့ရှင်းရေး လာလုပ် ဦးဟေ့ ”
“ ရှန်…လှာဘီ ၊ လှာဘီ ၊ မှောင် ရေ ၊ မှောင်ကလဲ ကွယ် ၊ ဒှီလှို ချီးယှားစ် လှုပ်ရင် ခရု စိုက်ဘာစို…စို.. ”
( အထက်ပါ အဖြစ်များမှာ ၊ ဂေဇက်ဝင် ဇာဇာ တို ့အိမ်တို ့ကျွန်ုပ် အလည်အပတ်သွားခဲ့စဉ်က ကြုံခဲ့ရသည် ကို ပြန်ဖောက်သည်ချပြ ခြင်း ဖြစ်ပေသတည်း )
ဟီဟိ
ကိုပေါက်(မန္တလေး)
November 26, 2011 at 10:08 pm
ကိုဘလက်ရေ နောက်ဆိုရင်ခင်ဗျားစာကို ကျနော်တို့ကပြန်ညွှန်းပေးမယ်ဗျာ။
MaMa
November 26, 2011 at 10:12 pm
ကိုသစ်မင်းနဲ့ ကိုဘလက်တို့ကတော့ သူ့ဂုဏ်ကိုဖော် ကိုယ့်ဂုဏ်ပေါ် ဆိုသလို နှစ်ယောက်စလုံး ပညာပြည့်ဝ နှလုံးလှကြောင်း ပေါ်လွင်ပါပေတယ်။ 🙂
koyinmaung
November 26, 2011 at 11:30 pm
ရွာတံခါးမှူကြီး ကိုဘလက်ရဲ့ရွာသားတွေအပေါ်ထားတဲ့စေတနာကို
အပေါ်လွင်ဆုံးစာညွန်းပြန်ရေးပေးတဲ့အတွက် ကိုသစ်မင်းကိုကျေးဇူးတင်ပါတယ်..
ပြည်တွင်းထဲကနေ ဂဇက်အညွန်းရေးပေးနေတဲ့ကိုဘလက်ကြီးရဲ့စေတနာကတော့
အံမခန်းပါ..တင်လိုက်တဲ့ပို့စ်တွေကျတော့လဲတွေးစရာတွေ ယူစရာတွေအပြည့်နဲ့
ဂုဏ်ယူပါတယ်ကိုဘလက်ရေ………
thit min
November 27, 2011 at 7:16 am
ကိုဘလက်ချော ကို ခင်သူ ချစ်သူများရဲ့ ကော်မန့်များ ရဲ့ ပီတိကိုစားပြီး ကိုဘလက်ချော အားအင်တွေတိုး
ပါစေ။
ကျနော် အနေနဲ့ကတော့ အားလုံးရဲ့ ကော်မန့်များကို ကျေးဇူးတင်ပါကြောင်း နဲ့ ကိုဘလတ်ချော ရဲ့ စေတနာကို
တန်ဖိုးထား ဖော်ပြပေးရာမှာ လိုအပ်သွားတာများရှိခဲ့ရင် တောင်းပန်အပ်ပါကြောင်းပေါ့ဗျာ။
ကဲ ချက်ကြ ပြုတ်ကြရအောင်နော်။ ဂေဇတ်မန်းဒါတ်ကြီး မှာ ငရုတ်သီးစပ်သော ငပိထောင်းများ လည်း သူကြီးက
သွန်ပြစ်နေပြီ ဆိုတော့ ဟင်းကောင်း လေးတွေ ချည်းဘဲ စားရတော့မှာပေါ့။ ဟဲ့ ဘာတဲ့တုံး စနှိုက်ပါဆိုလား ဘာဆိုလား။
သိပါဘူး ရှုပ်ရှုပ်ရှက်ရှက်နော်။
စနှိုက်ကျော်ဆို တော်သေး (^^)
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဝေရာ ဟောန ္တု ၊ အနီဃာဟောန ္တု၊ အဗျာကတာဟောန ္တု သုခိအတ္တာနံ ပရိဟရန ္တု
(ဟုတ်လားသိဘူး မေတ္တာပို့ကြည့်တာ)
ဂေဇတ်သူား အပေါင်းကျန်းမာ၊ချမ်းသာ၊ဝမ်းသာ လန်းဖြာပါစေလို့ လေးနက်စွာဖြင့်
မောင်သစ်မင်း
ကြောင်ကြီး
November 27, 2011 at 12:34 pm
ဘလက်ချော
ဘလောချက်
အတောမသတ်
မနောဓာတ်
သဘောမြတ်ပါတဲ့
ချောနက်။။။။ 🙂
weiwei
November 27, 2011 at 12:46 pm
ရန်ကုန်က ကော်နက်ရှင်နဲ့ အကုန်ဖတ်ပြီး အကုန်ပြန်ညွှန်းပေးနိုင်တာ တကယ်မလွယ်တဲ့အလုပ်ပါ … ပြန်ညွှန်းရာမှာလဲ အကောင်းဘက်ကနေပဲ ရေးပြလေ့ရှိတာမို့ ကိုဘလက်စိတ်ဓါတ်ကို ချီးကျူးပါတယ် …
ကိုဘလက်နဲ့ ကိုသစ်မင်းကိုတော့ အထူးလေးစားပါတယ် …
နောက်လဲ ဆက်လုပ်ပါအုန်းလို့ ….
thit min
November 28, 2011 at 8:34 am
အားလုံးကိုလည်းရေးစေချင်တယ်ခင်ဗျ။
ကျနော်ရေးတဲ့ ရှူထောင့်က မတူဘဲ ရေးနိုင်ကြရင် ကောင်းမယ်ထင်ပ။
ကိုဘလက်က ရွာကလူတွေကိုညွန်း၊ ရွာသားတွေက ကိုဘလက်ကို ပြန်ပြီး ၁ဝ စောင်လောက်ညွန်းလိုက်
ရင် ကိုဘလက်ကြီး အားရှိတာပေါ့လို့ တွေးမိတာပါဘဲ။
ဘယ်သူရေးမှ လို့သတ်မှတ်မထားလို့ ဘယ်သူမဆို ရေးကြပါလို့။
လေးစားခင်မင်စွာ
blackchaw
November 28, 2011 at 8:46 am
အသာလုပ်ပါ ကိုသစ်ရေ။
ကိုသစ်ရေးထားတာနဲ့တင် ဘလက်က
ကျေနပ်ပါတယ်ဗျာ။
ကိုသစ်က ဘလက်ကို အသိအမှတ်ပြုတာလေးနဲ့တင်
ဘလက်က ကျေနပ်အားရှိပါတယ်ခင်ဗျာ။ နောက်ထပ်မလိုပါဘူးဆရာ။
ကွန်းမန့်လေးတွေနဲ့ အားပေးကြပါသော
ကိုရင်စည်သူ၊ ကိုပေ၊ ဟယ်ရီပေါ်တာ အဲအဲ မှော်ဆရာ၊
ဆရာမကြီး TTNU ၊ ဂီဂီ ၊ ကိုပေါက်၊ မမ ၊
ကိုရင်မောင်၊ အန်တီဝေဝေ တို့ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
အထူးသဖြင့် ကဗျာလေးတစ်ပုဒ်နဲ့ ကွန်းမန့်ပေးတဲ့ ကိုကြောင်ကြီး (ကဗျာကိုလည်းသဘောကျတယ်ဗျို့)
ကို ကျေးဇူးတင်ပါတယ်ဗျို့။
king
November 28, 2011 at 12:41 pm
တစ်ယောက်တစ်မျိုး အမျိုးအမျိုးအဖုံအဖုံ
ချီးမွမ်းသံတွေ လွင့်ပျံ့နေတဲ့ ပို့စ်လေးမှာ
ကျွန်တော်လည်း ဘယ်လို ချီးမွမ်းထောမနာ ပြုရမလဲဆိုရင်း ……
စဉ်းစားနေလိုက်တာ ဒီ Comment လေးမှာတင် အချိန်တော်တော်ကြာ စဉ်းစားနေမိခဲ့တယ်ဗျာ …..
အစ်ကို (Blackchaw)အပါအဝင် ကိုသစ်မင်း အစရှိတဲ့ ကောင်းမွန်သော ပို့စ်တွေမှာ Comment (ရီစရာမောစရာကလွဲလို့)သိပ်မပေး ဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အစ်ကိုတို့ရဲ့ အကျိုးပြု အရေးအသားတွေကြားထဲမှာ အတွေးပေါင်းများစွာ ခံစားမိရင်း ဘာမှတ်ချက်မှမပေးနိုင် …. တိတ်ဆိတ်စွာ ဖတ်ရှု့ရင်းနဲ့ လှည့်ပြန်ခဲ့ရတဲ့ အခါပေါင်းများစွာ ရှိခဲ့တယ်ဆိုတာ ……………….. ……………………………………………….