black chawJune 14, 20171min346918
ဟိုတုန်းက ခိုင်ထူး တို့အိမ်က ရန်ကုန်တက္ကသိုလ် ဝန်းထဲမှာ…။ တိတိကျကျ ပြောရရင် အမှတ် (၂)၊ စစ်ကိုင်းလမ်း ပေါ့…။ အမှတ် (၂)၊ စစ်ကိုင်းလမ်း ခြံကြီးရဲ့ ရှေ့မှာ အုတ်ခုံလေး တစ်ခု ရှိနေခဲ့ပါတယ်…။ အဲဒီ အုတ်ခုံလေးဟာ ရန်ကုန်တက္ကသိုလ် နဲ့ အတူ သမိုင်းဝင်ခဲ့သလို ခိုင်ထူး ရဲ့ ရာဇဝင်မှာလည်း သမိုင်းဝင် အုတ်ခုံလေး ဖြစ်နေခဲ့ပါပြီ…။ ဒီအုတ်ခုံလေးပေါ်မှာပဲ ခိုင်ထူး ရယ် မိုးကျော် ရယ် ရာပြည့်ရယ် သူငယ်ချင်း သုံးယောက် သီချင်းတွေ ရေးခဲ့ကြ၊ ဆိုခဲ့ကြ၊ တီးခတ်ခဲ့ကြဖူးပါတယ်။ ပြီးတော့ သူတို့ အဖွဲ့ Phoenix ကိုလည်း အုတ်ခုံလေးပေါ်မှာပဲ စတင်တည်ထောင်ခဲ့တယ်လို့ ခိုင်ထူးက ဆိုပါတယ်။ အဲဒါကြောင့် ဒီနေရာလေးကို သူတို့ […]