lu ta loneApril 30, 20101min1425
… ဝိပဿနာကို ယခုနေအခါ ဟောတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဟောပုံချင်းကတော့ တစ်ဦးနဲ့တစ်ဦး တူချင်မှ တူမယ်။ အရေးကြီးတာကတော့ ဟောတဲ့အတိုင်း အားထုတ်သူမှာ ကျမ်းဂန်နှင့်အညီ ဝိပဿနာဉာဏ်အစစ်တွေ ဖြစ်ဖို့ ကိုယ်တိုင်တွေ့ဖြစ်ဖို့ လိုပါတယ်။ ဘုန်းကြီးကတော့ အားထုတ်သူမှာ ကျမ်းဂန်နှင့်အညီ ဝိပဿနာဉာဏ်အစစ် မဂ်ဖိုလ်ဉာဏ်အစစ် ဖြစ်တာကို ကိုယ်တိုင်တွေ့ ဖြစ်စေနိုင်တဲ့ ဝိပဿနာလုပ်ငန်းစဉ်တရားကို ဟောနေပါတယ်။ ယခု အဲဒီ လုပ်ငန်းစဉ်တရားကို ဟောရမယ်။ အခြေခံ ဂါထာတစ်ပုဒ်ကို ရှေးဦးစွာ ရွတ်ပြရမယ်။ သတ္တိသုတ် (သံယုတ်ပါဠိ၊ ပဌမ ၁၂) သတ္တိယာ ဝိယ ဩမဋ္ဌော၊ ဒယှမာနောဝ မတ္ထကေ။ ကာမရာဂပ္ပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗဇေ။ ဒါက အမည်ဖော်ပြမထားဘဲ ‘အညတရာ ဒေဝတာ’ဆိုတဲ့ […]