အမှန်ခြစ်လေးများ ——အခန်း ၁ ——– မနက်က ကျွန်တော် ငယ်ငယ်က အလယ်တန်းထိ ပညာသင်ကြားခဲ့ဖူးတဲ့ နယ်မြို့လေးတစ်မြို့ရဲ့ အသင်းနှစ်ပတ်လည် အစည်းဝေးပွဲကိုရောက်ခဲ့တယ်။မှတ်မိသူတွေလည်းမှတ်မိ မမှတ်မိသူတွေလည်း ပြန်မိတ်ဆက်ရင်း လွမ်းစရာရော ပျော်စရာပါကောင်းပါတယ်။ ငယ်ငယ်က ဆရာဆရာမတွေ အကြောင်းပြောရင်း သူငယ်ချင်းတွေ အကြောင်းပြောရင်းပေါ့။ အံ့ဩလေးတစ်ခုဖြစ်ခဲ့တယ်။ မိတ်လာဆက်တဲ့သူက သူ့ကိုသူ နာမည်လည်းပြောရင်း လက်ရှိ ရန်ကုန်တက္ကသိုလ်မှာ သချာင်္ပါမောက္ခ တာဝန်ထမ်းဆောင်နေကြောင်းပြောပါတယ်။ ကျွန်တော်သူ့ကို မှတ်မိပါတယ်။ အံ့ဩစရာဘာရှိလဲ မေးစရာရှိပါတယ်။အံ့ဩစရာက ဒီလိုပါ သူဘယ်လိုများ သချာင်္ပါမောက္ခဖြစ်လာလဲလို့ပါ။ ကျွန်တော်နဲ့သူက တစ်ခန်းထဲနေခဲ့ဖူးပါတယ်။သချာင်္မှာ သူကအတော်ကိုညံ့ပါတယ်။ ဆရာ ဆရာမ အားလုံးလက်မြောက် ထားလောက်အောင် ညံ့ပါတယ်။ ပြီးတော့နောက်တစ်ခုက သချာင်္နဲ့ပတ်သက်ရင် ဘယ်လိုမှ မရပါဘူးလို့လဲ သူ့ကိုသူခံယူထားသူပါ။ အဲဒိတော့ သင်တဲ့သူ ဘယ်လောက်ကောင်းကောင်း သူကတော့ ညံ့မြဲပါ။ ပညာရေးစနစ်ရဲ့ […]