အလုပ်တစ်ခုကို/မကြားချင်သောအသံ /မဖတ်ချင်သောစာ/မလွန်ဆန်ဝံ့သောအမိန် ့တွေ ကို နှစ်စဉ်၊လစဉ်၊အပတ်စဉ်၊ရက် ဆက်ပေါင်းများစွာကြုံတွေ ့၊ဆုံလာရလေတော့ လူတိုင်းလူတိုင်းငြီးငွေ ့တတ်လာကြတာ ဓမ္မတာပါ။ လုပ်ရင်း၊ဖတ်ရင်း၊မလွန်ဆန်ဝံ့ရင်း မှားမိတဲ့အကြိမ်၊အခါတွေလည်း ရှိလာကြမှာပါဘဲ။မှားလို ့သာ နောက်ဆုတ်ရမယ်၊တွေဝေသွားမယ် ဆိုလို ့တော့ ဘယ်ဖြစ်မှာလဲ။အမှားကို သင်ခန်းစာယူပြီး နောင်ဒီလိုမျိုးမဖြစ်ရလေအောင်၊အများပြည်သူအပေါ်တကယ် စေတနာထားတတ်လေအောင် အမှန်တရားကိုမြင်တတ်သွားဖို ့က အဓိကလို ့မြင်မိပါတယ်။ မိမိကိုယ်ကျိုးစီးပွား၊“အမျိုးသားအကျိုးစီးပွားပါဆိုပြီး အမျိုးအဆွေအကျိုးစီးပွား”ကိုသာလုပ်မယ်၊ဆက်မိုက်နေမယ်ဆိုရင် သမိုင်းမှာ လူမိုက်စာရင်းမှာ တန်းစီလိုက်ပေတော့ပေါ့။ မိမိအကျိုးအတွက်မဟုတ်ပါဘဲ အများပြည်သူအတွက် လုပ်ရင်းမှား သွားတယ်ဆိုရင်တော့ ကြိုးစားခွင့်လွှတ်ကြမှာပါ။ အများအကျိုးကို ဗန်းပြလုပ်နေသယောင်နဲ ့ကိုယ့်အိတ်ကပ်၊အမျိုးအနွယ် အဆွေတော်တို ့တွက်ဘဲ လုပ်နေမယ်ဆိုရင်တော့ ဘယ်သူတဦးတယောက်ကမှခွင့်လွှတ်မှာ မဟုတ်ပါဘူး။ မှန်တာပြော၊မှန်တာ လုပ်လို ့လူမုန်းများတယ်ဆိုတာ ထက် ကိုယ်ကျိုးအတွက် လုပ်နေမှန်းသိလို ့အများက ပိုမုန်းသွားတာပါ။ဆရာလူထုစိန်ဝင်း ကပြောတဲ့ သာဓက တစ်ခုကိုပြောပြပါမယ်။ဆရာဒဂုန်တာရာ ကြုံတိုင်းပြောနေ၊ရေးနေတဲ့ “မုန်းသူမရှိ ချစ်သူသာရှိ၊ရန်သူမရှိ မိတ်ဆွေသာရှိ” ဆိုတဲ့စကားကို လက်ခံနိုင်မှာပါ။ဆရာဒဂုန်တာရာဟာ (၁)အဲဒီခေတ်အခါ ကတက္ကသိုလ်ကျောင်းဆောင်ကို ကိုယ်ပိုင်စန္ဒရားယူလာပြီးတီးသူ။ (၂)ဗိုလ်ချုပ်တို ့ကိုဗဟိန်းတို ့နဲ ့ကျောင်းနေဖက် ဖြစ်သလို၊နောင် ဗိုလ်ချုပ်အောင်ဆန်းက […]