ခုတလော အမှိုက်အကြောင်း စဉ်းစားဖြစ်တယ်။ လူကြီးတွေက ဘာရယ် ဘယ်လိုလုပ်မယ်ဆိုတာ သေချာမသိပေမယ့်။  ပထမဆုံး ကျတော်တို့ လမ်းလေးအကြောင်းပဲတွေးကြည့်လိုက်တယ်။ ကျွန်တော်တို့လမ်းလေးရဲ့ ဘေးမှာ မီးတားကွင်းတစ်ခုရှိတယ်။ ပြီးတော့ နောက်ထပ်တစ်လမ်း။ အဲသည်တစ်လမ်းရဲ့ဘေးက အလယ်တန်း ကျောင်းလေးရှိတယ်။ အလယ်တန်းကျောင်းလေးရဲ့ ဘေးက ရပ်ကွက် ကောင်စီရုံးရှိတယ်။ ပြောချင်တာ ကျွန်တော်တို့လမ်းလေးဘေးက မီးတားကွင်းက အမှိုက်ပုံဖြစ်နေတာ။ အဲ့သည်အမှိုက်ပုံကလည်း ကျွန်တော်တို့နေကတည်းက ရှိလာတာဆိုတော့လည်း အနီးအနားလမ်းတွေကအစ တခြားမျက်နှာချင်းဆိုင် ရပ်ကွက်ကအဆုံး အမှိုက်ပစ်ကြတာပေါ့။ ကျွန်တော်တို့လမ်းလေးဟာ သံသုမာလမ်းကြီးနဲ့ ကျောချင်းကပ်ရပ်မှာ တည်ရှိပါတယ်။ အဲသည်တော့ အမှိုက်ပုံဟာလည်း လမ်းမကြီးနဲ့ ကျောချင်း ကပ်ရပ်ပေါ့။ သံသုမာလမ်းကြီးကနေ လမ်းကလေးတစ်ခုကိုချိုးဝင်တာနဲ့ အမှိုက်ပုံကိုတွေ့ရပါမယ် ပြီးရင် ညာကွေ့ရင် အလယ်တန်းကျောင်းလေးဘက်ကို ဖြစ်ပြီး ဘယ်ကွေ့ရင် ကျွန်တော်တို့လမ်းလေးပါ။ အမှိုက်ပုံရှိတဲ့ လမ်းချိုးကလေးဟာ သံသုမာလမ်းမကြီးနဲ့ အနီးစပ်ဆုံး […]