““ဟေ့လူ…ထထ ရွာရောက်ပြီဗျ”” အောင်မယ်…ဒီစပါယ်ယာကြောင်တောင်တောင် နဲ့ လူကိုများရွာရောက်ပြီလာပြောနေသေးတယ်စီးလာတာနေပြည်တော်ကားကိုများ ““ဘာရွာရောက်တာလဲ နေပြည်တော်သွားမှာဗျ မင်းရှုးနေလား”” ““အာ…ဘာနေပြည်တော်လဲဗျ ဒါရွာကား…. ဂိတ်ဆုံးပြီး ရွာထိပ်မှာနောက်ဆုံးဂိတ်ပဲ ပြီရင် ဒေါ်ဆူးမအိမ်နောက်မှာသွားရပ်မှာ”” ပြဿနာတက်ခြေပြီ ကျုပ်ကားမှားစီးမိလေသလား စဉ်းစား၏ မဖြစ်နိုင် ဘေးမှ အမူးသမားအားကြည့်သော် အရက်မူးရင်း မင်္ဂလ သုတ်ရွတ်နေလေ၏ ထိုသူ၏အသားက အတန်ငယ်မဲ၏ အနက်ဘက်သိုလု၏ အသေချာကြည့်သော် အနက်နုရောင် ပေါက်၏ ကျုပ်လဲ မူးမူးနှင့်စောဒက တက်၏ ..။။။ ““ဒီအသားအနက်နုရောင်နဲ့လူကျဘာလို့မဆင်းခိုင်းတာလဲ”” ““ဟာသူက ဒေါ်ဆူးမအိမ်နောက်က တဲမှာနေတဲ့ ဘုရားကိုးဆူ ဆရာ ဗျ သူက လမ်းသင့်လို့ဆက်လိုက်မှာ”” နည်းနည်းတော့မကျေနပ် ဒီကောင်တွေမောင်းချင်ရာမောင်းလာတာနေမည် ဆင်းရမည်ဆိုတော့လဲ နေလို့မဖြစ်ဆင်းမှရတော့ လေသည် ကားပေါ်မှဆင်းလေသော် ခန်ညားထယ်ဝါသော ရွာအဝင်ဆိုင်းဘုတ်အားတွေလေသော် ဖတ်ကြည့်၏ ဖတ်ရန် ခက်လေစွ ဘိုလိုရေးထားခြင်းဖြစ်၏ တတ်သမျှ […]