ဗုဒ္ဓ သည် လောကီကြီးပွားရေးများကို သာမက ၊ လောကီရော- လောကုတ္တရာမှာပါ ကျေးဇူးများသည့် habitual perception ကိုကျော်လွန်သော ချမ်းသာအအစစ် အမှန်တရား (အရိယသစ္စာလေးပါး)၊ ပဋိစ္စသမုပ္ပါဒ်ဒေသနာအပါအဝင် သစ္စာတရားတော်များ ကို ၄၅ ဝါ ပတ်လုံး ဟောကြားခဲ့လေသည်။ ဗုဒ္ဓသည် လောကီကောင်းကျိုး ကြီးပွားရေးများကို မငြင်းပယ်သော်လည်း လောကီကောင်းကျိုးများထက် ကျော်လွန်သော ချမ်းသာ (နိရောဓသစ္စာ)လည်းရှိသေးကြောင်း၊ ထိုချမ်းသာကို ရရှိရန် – ထိုချမ်းသာရကြောင်း အကျင့် (မဂ္ဂသစ္စာ)၊ ထိုချမ်းသာကို တားဆီးသောအကြောင်း (သမုဒယသစ္စာ)၊ ထိုချမ်းသာနှင့်ဆန့်ကျင်ဘက်ဖြစ်နေသောတရား (ဒုက္ခသစ္စာ) စသည့်ဖြင့် (အရိယာသစ္စာလေးပါး) ကို ပါ သုတမယပညာ၊ စိန္တာမယပညာ၊ ဘာဝနမယပညာ အားဖြင့် သိစေခြင်းငှာ ထင်ရှားစွာ ပြည့်စုံစွာ သင်ကြားပြသခဲ့လေသည်။ ပဋိစ္စသမုပ္ပါဒ်ဒေသနာ သည် အရိယသစ္စာလေးပါးမှ […]