cobraOctober 21, 20101min1035
စစ်တွေမြို့တွင် မတရား ဖမ်းဆီး လူဝတ်လဲခံရပြီး တရား ရင်ဆိုင်နေရသည့် ဆရာတော် အရှင် ပညာစာရ လွတ်မြောက်ရေး အတွက် ရခိုင်ပြည်နယ် တခုလုံး အတိုင်းအတာဖြင့် သံဃာတော်များ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုသွားမည်ဟု သတင်း ရရှိသည်။ ဦးဆောင်ရာတွင် ပါဝင်သည့် ရဟန်းတော် တပါးက “ အခု အစီအစဉ်ကို စာသင်သား ရဟန်းတော် တွေက ဦးဆောင်လုပ်ကိုင်တာ ဖြစ်ပါတယ်။ ဆရာတော် ပညာစာရမှာ အပြစ်မရှိတဲ့ အတွက် တရား ဥပဒေအတိုင်း ဖြစ်စေလိုတဲ့ အတွက် ခုလို စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။ အဆိုပါ လှုပ်ရှားမှုကို ယခုအခါ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေ၊ ရမ်းဗြဲ၊ မာန်အောင်၊ ပုဏ္ဍားကျွန်းနှင့် မင်းပြား […]