မီးတောက်ရစ်သမ် (၁) အခုလို… လှပအေးစက်နေတဲ့ညမှာပဲ ငါ … ပျိုးထားတဲ့ မြနှင်းဆီဟာ… ကြယ်တစ်ရာခြံရံပြီး ကြွေကျသွားခဲ့တယ်။ တိမ်လွှာမျဉ်းကောက်တွေကလည်း ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ ရွှေမျက်ရည်တွေ စိုလက်လာပြီလို့ မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို တီးတိုးပြောကြားလိုက်တယ်။ `ချစ်ခြင်မေတ္တာဟာ´ …ဟာ မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို နောက်ဆုံးမှာ… မီးခိုးလုံးများ ဖြစ်သွားရော့မလား…လို့ နှုတ်ခမ်းကိုက်ပြီး…ငါ စဉ်းစားဖူးတယ်။ လူငယ်တစ်ယောက်ကို ပြုစားဖို့ အဘယ်နတ်ဘုရားထံ နင့်လက်တွေ ဖြန့်ကားတောင်းခံခဲ့သလဲ… ငါ့ရာဇဝင်ခပ်ကျဲကျဲကို ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။ သံယောဇဉ်…ဆိုတာ အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ…။ လောကဓံဦးတုန်းက… အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက် ခုမှ…စံပယ်ရွက်ပေါ်မူးလဲ အသည်းကွဲတယ်…ဆိုတာ သီချင်းလေးတွေ တိုးတိုးညည်းရင်းက… ထိရှခဲ့တဲ့… သွေးမဲ့ဒဏ်ရာတစ်ချက်ပါ… သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့ နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက ငါ့ကို…ဆီးမိုးထားတယ်…။ စက်ရုပ်ကို ဒူးထောက်ကျစေတဲ့ နင့်ရဲ့…မျက်ဝန်းစိမ်းလဲ့မှာ. .. […]