Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


alinsettJune 7, 20141min84525
  အခုတလော မောင်သူရတစ်ယောက် စာရေးမယ် ကြံလိုက်တိုင်း အဘတို့ အဘိုးတို့ဘက်ပဲ လှည့်ရေးနေမိတယ်။ ခက်တော့ ခက်နေပြီ ။   ပြောမိလက်စနဲ့ ဒါလေးတော့ ဆက်ပြောလိုက်ပါဦးမယ်လေ. . .   အဟက်. . .   ဟိုးးတလောက ကာတွန်းလေးတစ်ကွက်ကို သတိရသွားတယ်ဗျ။ ဘယ်သူရေးတဲ့ကာတွန်းပြကွက်လဲ ဘယ်ဂျာနယ်မှာ ပါတာလဲ ဆိုတာတွေ မမှတ်မိတော့တာ ခွင့်လွှတ် ။   အဲဒီ ကာတွန်းက ပြကွက်လေးတစ်ကွက်ထဲရယ်ဗျ။   ကာတွန်းပြကွက်ထဲမှာ အမျိုးသမီးခပ်ဝဝတစ်ယောက် ဖုန်းဆက်ပြောနေတဲ့ပုံ. . . ဖုန်းကလေးကို နားရွက်နားကပ်ပြီးပေါ့ဗျာ. . .   စကားပြောလေးတစ်ခု ပါတယ်။   အဲဒီအမျိုးသမီးက ဟိုဘက်ကဆက်သူကို ဖုန်းနဲ့လှမ်းပြောနေတာ. . . […]


alinsettJune 5, 20143min53815
ရွာထဲမှာ.. … ချစ်တတ်တဲ့သူတွေရှိသလို… လွမ်းတတ်တဲ ့ ကျနော်လည်း.. ရှိပါတယ်.. ။ ကျနော့်အလွမ်းတွေကတော့.. …အစုံအစုံပေါ့… အဲဒီ အလွမ်းတကာအလွမ်းတွေထဲမှာ…. ကျနော်ချစ်သော ကဗျာတွေကို ဖန်တီးရေးသား..ချန်ထားရစ်ခဲ့သူကြီး… ဆရာတာရာမင်းဝေ  ကို လွမ်းတဲ ့ …အလွမ်း… အခု..လွမ်းနေတယ်.. ။ လွမ်းနေတော့လည်း..သူ ရေးခဲ့တာလေးတွေ ပြန်ဖတ်.. ဖတ်ရင်းနဲ ့ ထပ်လွမ်း…. အလွမ်းဟာ..တဖြည်းဖြည်း..ထုထည်ကြီးမား… ရင်ထဲမှာ..ဆို ့နင် ့…ကြေကွဲ…. သူ ့နာမည်သာ..အခါခါ..အော်ဟစ်…. သူသာရှိသေးရင်…ဆိုတဲ ့အတွေးနဲ ့… သွေးရူးသွေးတန်း…သူ ့ကို လိုအပ်… သူ ့ကဗျာတွေ.. သူ ့စာတွေ… သူဖန်တီးမယ့် အနုပညာတွေ… ထပ် ခံစားချင်သေးတယ်..လို ့….. ပဲ့တင်ထပ်မျှ…အော်ဟစ်နေမိတဲ ့… ကျနော့် ရင်ထဲက…အသံကို… သူကြားနိုင်မလား….. ကြားနိုင်ပါ့မလား… […]


alinsettJune 4, 20141min43415
          သူမ၏ အနာဂတ်ကို မှန်းဆကြည့်ခြင်း *လေတိုက်တိုင်းသာ သစ်ရွက်ကြွေရရင်. . .   သစ်ပင်ကြီး သိက္ခာကျတာပေါ့. . *အရှုံးမပေးပါဘူးရယ်လို့. . . ခေါင်းမော့ ရင်ကော့ပြီး . . . တရှဲရှဲအော်မြည်နေတုန်းမှာ. . . လှိုင်းလေတို့ရဲ့ ဟားတိုက်လာသံကို ကြားတော့မှ. . . * တွယ်ငြိစရာတွေ သိမ်းထုပ်ပြီး. . .  မျောဖို့. . .အသင့်ပြင်လိုက်ရတယ် ။ ။  ————————————————————– အလင်းဆက်(Gazette) 2 / 6 / 2014 / 12 : 20 pm   […]


alinsettJune 2, 20141min64414
  မိုးရာသီအစမှာ … ဖတ်စရာစာအုပ်ကောင်းလေးတွေနဲ့ ဇိမ်ရှိရှိနေမယ်လို့ စိတ်ကူးမိသူတွေအတွက်လို့ ဆိုရမလား. . . အလုပ်နဲ့ မိသားစုကြားမှာ ရတဲ့အချိန်လေးထဲက ဖဲ့ပြီး စာဖတ်ချိန်ကို လုနေရသူတွေအတွက် လို့ပဲ ဆိုရမလားပေါ့. . . ဘာပဲဖြစ်ဖြစ် . . . ဘယ်လို စာဖတ်သမားအတွက်ပဲဖြစ်ဖြစ် စာအုပ်ကောင်းလေးတစ်အုပ်စ နှစ်အုပ်စ ညွှန်းပေးလိုက်ခြင်းဟာ… စာအုပ်စာပေ စိတ်ဝင်စားသူတွေအတွက် အထောက်အကူတော့ ရမှာသေချာပါတယ်လေ။ ဒါကြောင့် ကျွန်တော် ဖတ်ဖြစ်သမျှထဲက အခုလတ်တလော ညွှန်းပြချင်တဲ့စာအုပ်ကလေးကို ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ ———— ကျွန်တော် အခု အချိန်မှာ စိတ်ဝင်စားနေတဲ့စာရေးဆရာ ရေးထားတဲ့စာအုပ်ပါ။ စာအုပ်နာမည်က . .  ‘‘ရွေးချယ်မှုနှင့် စိတ်ဆန္ဒ”တဲ့ ။   ရေးသားပြုစုသူကတော့ . . […]


alinsettMay 31, 20141min75826
နိုင်ငံရေးတို ့ ဘာသာရေးတို့ ပညာရေးတို့ကို မောင်သူရ ပါးစပ်က မပြောမိအောင်နေပါတယ် ။   အဲဒါတွေပြောမိရင် မောင်သူရ ပါးစပ်ထဲက တစ်တစ်ခွခွစကားလုံးတွေပဲ ထွက်လာတတ်လို့ပါ။   နားဝင်ချိုအောင် မပြောနိုင်မယ့်အစား ကိုယ့်ဘာသာကိုယ် . . . ရသ အနုပညာနယ်ပယ်ထဲမှာပဲ အေးအေးဆေးဆေးနေ နေတာပါ။   ဒါပေမယ့် အခုတော့ . . . မပြောရ မနေနိုင်လောက်အောင် လျှာက ယားလာပြီမို့ အယားပြေ နည်းနည်းလောက် ပြောရတော့မှာပဲ။   မောင်သူရတို့ တိုင်းပြည်ဟာ အသံတော်တော်ကျယ်တဲ့ တိုင်းပြည်ပါ။   ဒဲ့ ပြောရရင် ”အသံကောင်းတွေ ဟစ်နေတာပဲ ကြားနေရပြီး တကယ့်တကယ်လက်တွေ ့မှာ တော့ ဘာမှ မဖြစ်စလောက်နဲ့ပါ။   […]


alinsettMay 26, 20149min109524
၁ ။ ။ စာအကြောင်း ပေအကြောင်း တွေးမိတွေးရာလေးတွေ ချရေးကြည့်ပါမည် ။ ကျယ်ကျယ်ဝန်းဝန်း မပြောနိုင်သေးခင်. . .ရသလောက် / တတ်သလောက် တွေးမိသလောက်ကို တီးကြည့်ခေါက်ကြည့်လျှင်လည်းအကျိုးရှိလိမ့်မည် ဟု နှလုံးသွင်း၍ ရေးပါသည် ။ သည်းခံ၍ ဖတ်ရှု လေ့လာပေးကြမည့် စာချစ်သူ မိတ်ဆွေများကို အထူး အထူး ကျေးဇူးတင်ပါသည် ။ —————————— ၂ ။ ။ မြန်မာစာ/မြန်မာစကား. . . ထို့ထက်ပို တဆင့်တက်၍ မြန်မာကဗျာ အကြောင်း ပြောကြည့်ဆိုကြည့်မည် ကြံတိုင်း ”ကာရန်”ဆိုသောအရာကို ထည့်ပြောချင်လာသည် ။ ကျွန်တော်တို့ ဘာသာ/စကားထဲမှာ. . .”ကာရန်”ဆိုသော အရာ ရှိနေ၍ ပြောရခြင်းဖြစ်သည် ။ ထို့အပြင် ”ကာရန်”သည်. […]


alinsettMay 22, 20141min70825
  ဝေဖန်တယ်ဆိုတာတော့ လူတိုင်း လုပ်တတ်တယ်. . .   —————————— ငါ၏ လုပ်ဟန် အားလုံး မှန်သည် ဝေဖန်သူများ ဖောက်ပြန်၏။   ——————————   (. . . . )   22 / 5 /2014 /        


alinsettMay 20, 20142min90135
မောင်သူရဆိုတဲ့ ချာတိတ်ကလည်း မနေနိုင်မထိုင်နိုင်နဲ့ ဟိုတွေးဒီတွေး လျှောက်တွေးတတ်တာ။ ဟိုနေ့ကလည်း  မတော်တရော်မြင်ကွင်းတစ်ခုကို မြင်ပြီး ……………   ဟိုထောင့်ဒီထောင့်ကနေ ရှာကြံတွေးမိရာက စပြီး ဒီစာတစ်ပုဒ် ထွက်ကျလာတယ်ဆိုပါတော့။ ———— အဲဒီနေ့က ညနေ ရ း ဝဝ လောက် . . . မောင်သူရ အလုပ်ကအပြန် . . . မရမ်းကုန်းမြို့နယ်ထဲက အထင်ကရ မီးပွိုင့်ကြီးတစ်ခုမှာပေါ့ဗျာ။ အဲဒီ မတော်တရော် သရော်ချင်စရာ အဖြစ်ကြီး ထ ဖြစ်တာဗျ။ အဲဒီ အဖြစ်မျိုးကို ရန်ကုန်မြို့က မီးပွိုင့်တော်တော်များများမှာ လူတော်တော်များများ မြင်ဖူးကြမှာပါ။ မြင်ရလွန်းလို့ ရိုးတောင် နေပြီလားမသိ ။ ဒါပေမယ့် အဲဒီလို …. အရေးပေါ်လူနာတင်ယာဉ်တွေ တကယ်အရေးကြီးလို့ ပျာတီးပျာတာ […]


alinsettMay 14, 20147min64719
သူရ ညွှန်းသောပိုစ့်များထဲက သင်….  မဖတ်ရသေးတာ / ဖတ်ချင်မိတာ / ဖတ်ပြီးပေမယ့် ပြန် ဖတ်ချင်တာတွေ ့ရင်  ဖတ်ပေးပါ… လို ့… ။ တကယ်လို ့…. သူရ ညွှန်းပြတာက သင့် အတွက် ဖတ်ပြီးသားဖြစ်နေမယ် …. ဖတ်ချင်စိတ်မရှိ ဖြစ်နေမယ်ဆိုလည်း ပြဿနာမရှိပါဘူး။ ဝင်ကြည့်ပေးတာ ကျေးဇူးတင်ပါတယ်။ မဖတ်ရသေးသူတွေအတွက် . . . ဖတ်စေချင်လို့ . . . (သူရဆိုတဲ့ ချာတိတ်တစ်ယောက်) ညွှန်းပြတဲ့ ပိုစ့်တွေ ပါပဲ ။ ————————————————————————————————————————————–   ကဗျာဆိုတာ   Posted by ခင် ခ on May 6, 2014 —————————————- […]


alinsettMay 14, 20141min96632
  တကယ်တော့ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်စကား သေသေချာချာ ပြောသင့်ပါတယ်။   အခုချိန်ထိ ဒီလူဒီလူတွေကို ကျေးဇူးတင်စကား သေချာမပြောဖြစ်သေးဘူးလေ။ ဒါကြောင့် ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်စကားလေးတော့ သေချာပြောဦးမှပါ လို့ တွေးမိပြီး ဒီစာကို ရေးမိပါတယ် ။   ကျေးဇူးတင်စကား ပြောခြင်းဟာ မင်္ဂလာရှိတဲ့ ကိစ္စတစ်ခုပါနော်။ အခု ကျနော် မင်္ဂလာပါလို့ အရင် နှုတ်ဆက်ပြီး ကျေးဇူးတင်စကားပြောပါရစေ…   ————–   ” မင်္ဂလာပါ ”   ကျနော် ဒီရွာထဲမှာ စာတွေရေးလာတာ သုံးနှစ်လောက်ရှိပါပြီ ။   ကျနော်ရေးသမျှကို ကောင်းသည်ဆိုးသည်မှန်သမျှ အဆက်မပြတ်ဖတ်ရှု ခံစား အားပေး ဝေဖန် ဆွေးနွေး အကြံပေးခဲ့ကြတဲ့ ရွာသူရွာသားများကို ကျေးဇူး အထူး […]


alinsettMay 11, 20141min49113
မေမေ လောကဒဏ်ရာတွေကို ဒူးမတုန်. . လက်မတုန်ပဲ ကုသပေးခဲ့သူ. . .   မေမေ သားဆိုတဲ့ စာသားကို မေတ္တာဓါတ်စီး နှလုံးသွေးနဲ့ ရေးပြီး သမိုင်းဝင်ခဲ့သူ. . .   မေမေ ပင်လယ်ရေသာ ခန်းခြောက်လိမ့်မယ်. . . မေမေ့အချစ်တွေ ထာဝရပြည့်လျှံ ဘယ်တော့မှလည်း မခန်းလောက်ဘူး ဦးညွတ်ပါတယ်မေမေ   ဘယ်နေရာရောက်ရောက် မေမေရှိတယ်ဆိုတဲ့အသိနဲ့ လုံခြုံနွေးထွေး အပူတွေလည်း အေးစေခဲ့သူ. . .   မေမေ. . . . မေမေ့အတွက် ချစ်သားချစ်သမီးတွေကအသက် သားတို့အတွက်လည်း မေမေက အသက်ပါမေမေ မေမေမရှိရင် အသက်ရှူဖို့ လေ မရှိ. . . ပြိုကျမယ့် သစ်ပင်လေးတွေလို […]


alinsettMay 10, 20141min50515
ယုံလို့မရတဲ့ ယုန်တွေနဲ့ . . . ကြားလို့မှမကောင်းတဲ့ကျားတွေ တိုက်ခိုက်ကြတာများ အသံတွေ ခလွမ်ခလွမ်နဲ့ ကဲ ခင်ဗျား ကျားရလား ယုန်ရလား   သစ်မဟုတ်တဲ့အပင်တွေချန်လို့ သစ်ဟုတ်တဲ့အပင်တွေခုတ် လူရုပ်ပေါက်လျက်နဲ့ လူယုတ်စာရင်း ဝင်လို့ပေါ့။ တွေ ့နေလား ဟိုနားမှာ ရုတ်ရုတ် ရုတ်ရုတ်နဲ့။   ဟိုမှာလည်း ကြည့်ဦး လူယုတ်မာတချို့က လူတချို့ကို လူယုတ်မာလို့ အမည်တပ်ပြီး ယုတ်မာလိုက်ကြပြီ. . .   ဘာဆက်လုပ်မလဲ ဆက်ပြီး ဘာလုပ်မလဲ ဘာလုပ်ပြီး ဆက်မလဲ . . . . . . . . . .   အလင်းဆက် (Gazette)   9 […]


alinsettMay 7, 20141min102537
  ((( အရင်ကတည်းက ဆရာမဂျူးရေးတဲ့ ကျွန်မတို့မိန်းမတွေ ဆိုတဲ့ ဆောင်းပါးလေးတွေ ဖတ်ခဲ့ရတယ်။   အဲဒီ မိန်းမတွေဘက်က အကြောင်းအရာတွေကို ဂျူးရေးသလို ကျွန်တော်လည်း ကျွန်တော်တို့ ယောကျာ်းတွေနဲ့ ပက်သက်ပြီး ကျွန်တော် မြင်မိတာလေးတွေ ရေးချင်လာတယ်လေ။   ရေးမယ် ဆိုပြီး တွေးထားပေမယ့် တော်တော်နဲ့ မရေးဖြစ်ခဲ့ပဲ အခုမှ စရေးဖြစ်တယ်ဆိုပါတော့။   ယောကျာ်းတစ်ယောက်အနေနဲ့ ကိုယ်တွေရဲ့ ယောကျာ်းသားဖြစ်မှုကို အမွှန်းတင် အကောင်းပြောတာမျိုးလည်း မဖြစ်အောင် အဆိုးအပြစ်တွေ ကြံဖန်ပြောတာမျိုးလည်း မဖြစ်အောင် ရေးဖို့ ကြိုးစားပါ့မယ် ။   ကျွန်တော့် အမြင်တွေကို ပြောတာဖြစ်တဲ့အတွက် တခြားသူတွေနဲ့ အမြင်ချင်း ကွဲပြားနိုင်ပါသေးတယ်။   အဓိကကတော့ ကျွန်တော်က ကျွန်တော်တို့ယောက်ျားတွေနဲ့ ပတ်သက်ပြီး ကောင်းစေလိုသောစိတ် တိုးတက်ကောင်းမွန်ဖို့ဆိုတဲ့ […]