manawphyulayJanuary 15, 20111min751
ကန်တော်မင်းကျောင်းဆရာတော်ရဲ့ ကဗျာလေးဖြစ်ပါတယ်။ ပညာမျက်စိ မြင်မရှိဘဲ မသိတရား အယူမှားလျက် စီးပွားမမြော် ကျိုးမပေါ်သား သူတော်မဟုတ် ယုတ်သည့်စရိုက် လူသူမိုက်ကို မကြိုက်မချစ် ရန်သူစစ်သို့ မနှစ်သက်ဘဲ ဝေးစွာရှဲ၍ အမြဲခွာရှင်း ဖဲ့ကြဉ်မင်း တဲ့။ ” လောကမှာ ဖတ်ဖို့အလိုအပ်ဆုံး ဖတ်ဖို့အရေးကြီးဆုံး ဖတ်စာအုပ်နှစ်အုပ် ရှိတယ် ၊ တစ်အုပ်က ‘မိမိကိုယ်’ ဆိုတဲ့စာအုပ် ၊ နောက်တစ်အုပ်က ‘မိမိပတ်ဝန်းကျင်’ ဆိုတဲ့စာအုပ် ၊ အဲဒီစာအုပ်နှစ်အုပ်ကို သေသေချာချာဖတ်ပြီး အကြောင်းအကျိုး ဆက်စပ်တွေးမယ်ဆိုရင် လောကမှာ အောင်မြင်နိုင်တယ် ၊ မြတ်စွာဘုရားဆိုရင် မိမိကိုယ်ကို အဖတ်ကောင်းလို့ ဘုရားအဖြစ်ကိုရခဲ့တာပဲ” လို့ ဘုရားဟောထဲမှာ ဖတ်ဖူးပါတယ်။ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးယုတ်စေမဲ့ အလုပ်မျိုးကို လုပ်သောသူသည် လူဖြစ်သော်လည်း လူမမြည်တဲ့။ […]