ကိုခေါင်ရဲ့ ”ခရစ်တော်နဲ့ကျွန်တော်”  ပို့စ်ထဲမှာ ကွန်မင့်ဝင်ရေးလိုက်ရင် ပို့စ်တစ်ခုလုံးရဲ့ ကောင်းမွန် တဲ့ရည်ရွယ်ရင်း ပျက်သွားမှာစိုးလို့ သီးသန့်ပို့စ်တစ်ပုဒ်တင်တာပါ။ ခေါင်းစဉ်ကတော့ အဲဒီ ကိုခေါင် ရဲ့ပို့စ်ထဲမှာပဲ ကိုစံလှကြီးက သူကြီးကိုရည်ညွှန်းပြီး ” ကျောက်တုံးအရည်ညှစ် ” လို့မရတဲ့အကြောင်း ကွန်မင့်ဝင်ပေးထားတဲ့အတွက် ဒီဂဇက်မြို့ထဲမှာ သူကြီးထက်ပိုမာတဲ့ ကျောက်တုံးတစ်တုံး ရှိနေသေး ကြောင်း မြို့သူမြို့သားတွေကို အသိပေးတာပါ။ ဘယ်ဘုန်းကြီးမဆို ဘုန်းကြီးတစ်ပါးပါးရဲ့ အသိဉာဏ် အရည်အသွေးကို မျှစ်ကြော် မယုံကြည်ပါဘူး။ ဒါက ကျောက်တုံးမာဆင့်ကို ကနဦး ကြေငြာတာပါ။ ဘာသာရေးအကြောင်းဆို အချေအတင်ဖြစ်ကြရစမြဲမို့ ဂဇက်မြို့ထဲမှာ သိပ်ပြီး ဟဟ မပြော ကြတော့ဘူး။ အတိုက်အခိုက်တွေလည်းများတော့ ပုဂိုလ်ရေးမုန်းတီးကြရတာမျိုး ဖြစ်မှာမို့ လက် ရှောင်ကြတယ်။ တကယ်တော့ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ပြောဆိုခွင့်ဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးဖြစ်ပြီး […]