ဟိုးအဝေးဆီကနေ ငါဆီကို ရိုက်ခတ်လာတဲ့ လှိုင်းလုံးတွေက အပြာရောင် လဲ့လဲ့နဲ့ နေရောင်ကို အလျားလိုက် ပြိုင်နေသလိုမျိုး။ ဘဝရဲ့ အဓိပါယ်မဲ့နေတဲ့ ငါအတွက်တော့ သစ်ရွတ်တွေ တဖြုတ်ဖြုတ် ကြွေကျနေတာ ရင်နင့်စရာကောင်းပေမယ့် မလွမ်းနေခဲ့မိတာ အတော်ကြာပြီ။ အိပ်တန်းတက်တဲ့ ငှက်တွေ ငါ့အနား လာနားနေခဲ့ကြတာလည်း ငါ့ခနာကိုယ် စတင်ပြီး လူပျိုဖော် ဝင်ခါစပေါ့။ သူတို့ ပြောတဲ့ တွတ်တီတွတ်တာတွေ၊ ငါ နားမလည်သလို ငါ့သက်ပြင်းချသံတွေကို သူတို့တွေ ကြားမိကြမှာ မဟုတ်ဘူး။ လှိုင်းကြပ်ခွပ်ကလေးတွေ ချီတက်တဲ့ ကဟန်ကလည်း လရောင်အောက်မှာ မိန်းမပျိုတစ်ယောက် စည်းချက်ညီညီ ကနေဟန်နဲ့ တော့ အတော်တူတယ်။ သာယာတဲ့ စစ်ချီတေး တစ်ပုဒ်ကို ဟစ်ကြွေးရင်း ငါဆီကို လွင့်ပျံ့လာတဲ့ အသံက ငါကို အေးချမ်းအောင် လုပ်နိုင်ပေမယ့် ငါ့ […]