.အလှူ ဒါန၊ ပရဟိတ နဲ့ပတ်သက်လို့ ဝိဝါဒတွေကွဲပြားမှု ရှိနေတာ တကယ်တော့ စကားလုံး ပြ၁သနာများလားလို့ ကျမ တွေးနေမိပါတယ်။ .ဘယ်စာအုပ်တွေလဲလို့ အတိအကျ စာရင်းချမပြနိုင်တော့ပေမယ့် ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေထဲမှာ အလှူ အတမ်း များတဲ့ တိုင်းပြည်တွေ ဆင်းရဲ ချမ်းသာ ကွာဟမှု ကြီးကြတယ်။ ဥပမာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရန်၊ အီရတ် စတဲ့ အစ္စလာမ် နိုင်ငံတွေဟာ လှူ တဲ့တမ်းတဲ့ နေရာမှာ မြန်မာတွေနဲ့ တော်တော်တူပါတယ်။ မြန်မာတွေက ထမင်းရေချောင်းစီး လှူ ကြသလို သူတို့ကလည်း သွေးရည်ချောင်းစီးလှူ ကြတယ်။ လှူ တဲ့လူတွေ လှူ နေလျက်ကပဲ ဆင်းရဲ ချမ်းသာ ကွာဟမှုက လျော့ကျ မသွားဘူး။ အစိုးရ […]