နွယ်ပင်June 23, 20111min33930
နွယ်ပင်က အခုတစ်လော အလုပ်ကပြန်ရင် သင်တန်းတစ်ခုတက်နေတော့ ညအပြန်ဆို အမြဲတမ်းနောက်ကျနေတက်တယ် တစ်နေ့ကလဲ ထုံးစံအတိုင်း သင်တန်းပြီးလို့ပြန်တော့ (သင်တန်းနဲ့ အိမ်နဲ့က နည်းနည်းဝေးတယ် ) ည (9း00) နာရီလောက်ရှိနေပြီ နွယ်ပင်နဲ့ နွယ်ပင်သူငယ်ချင်းက မီးပွိုင့်မှာ ကိုယ်စီးရမယ့် ကားကိုတွေတော့ အရမ်းဝမ်းသာပြီး အပြေးပဲ လှမ်းတက်လိုက်တာပေါ့ ကားကလဲ ထွက်နေပြီဆိုတော့ ခုံကိုရွေးမနေတော့ပဲ ကို်ယ်နဲ့ အနီးဆပ်ဆုံးခုံမှာ ဝင်ထိုင်လိုက်မိတယ် ခုံက သုံးယောက်ထိုင်ထိုင်ခုံဆိုတော့ ဘေးနားမှာက ထိုင်နှင့်နေပြီးသားသူကရှိနေတယ် ကြည့်လိုက်တော့လဲ ကိုယ့်အဖေ အရွယ် ဦးလေး အရွယ်ဆိုတော့ အေးအေးသက်သာပဲ ဝင်ထိုင်လိုက်မိတယ် . ‘ ဒါပေမဲ့ အဲ့အဖေအရွယ် ဦးလေးအရွယ်ကြီးက နွယ်ပင်တို့ သူငယ်ချင်း (2) ယောက်ဝင်ထိုင်ကတည်းက သိသိသာသာ တစ်မျိုး ခေါ်တော်ကြည့်လို့ခေါ်တဲ့ အကြည့်နဲ့တစ်မျိုး နှိပ်စက်ပါလေရော […]