ဖိုးထောင်December 24, 20121min21212
ဒီပို့စ်လေးကိုရေးတာ ဆာဗာလေးဖို့မရည်ရွယ်ပါဘူးဗျာ(ကိုမိုဘိုင်း သို့) ဝင်ရောက်ဖတ်ရှုသူ ပြုံးသွားရင်ပဲကျေနပ်လှပါပြီ အနော်က ထိုင်းဘုရင်အသက်ကိုလျော့မပြောတတ်သလို  ထိုင်းဝန်ကြီးချုပ်ကိုလဲ သမ္မတရာထူးတိုးပေးဖို့အရည်အချင်းမရှိပါဘူး(စတာနော် စိတ်ဆိုးရဘူးနော်) ကဲတော်ပြီ အနော့်ပုံပြင်လေးစတော့မယ်…… ဟိုး………. ရှေးရှေးတုန်းကပေါ့ဗျာ ပင်လယ်ကမ်းခြေရွာလေးတစ်ရွာရှိတယ် ကမ်းခြေရွာလေးဆိုတော့ ရွာသားအားလုံးက ပင်လယ်ပြင်မှာ ငါးဖမ်းခြင်းအလုပ်နဲ့အသက်မွေးကြတယ် ရွာသူအိမ်သူသက်ထားတွေကတော့ ငါးခြောက်လှမ်း ငါးပိသိပ် မြို့တက်ရောင်း ပျော်စရာသိပ်ကောင်းတယ် ဆိုပဲ…. တစ်ရွာလုံးကလည်းခရစ်ယာန်ဘာသာဝင်တွေချည်းပဲတဲ့ ….. credit to shutterstock.com ယောကျင်္ားတွေကပင်လယ်ထဲငါးဖမ်းထွက်ကြ မိန်းမတွေက ငါးခြောက်ခွဲကြလှမ်းကြ ငါးပိသိပ်ကြ နဲ့ပေါ့…. အဲ ပြဿနာကအခြားမဟုတ်ဘူး…. ယောကျင်္ားတွေပင်လယ်ထဲထွက်ငါးဖမ်းရင် မိန်းမတွေရွာမှာ ဖေါက်ပြန် တဲ့ကိစ္စက ဖြစ်လာကြတယ်….ယောကျင်္ားတွေကတော့ လစ်ရင်လစ်သလိုပေါ့လေ ။ ဖေါက်ပြန်လိုက် ပြီးရင်ပြန်ပြီးတော့ Church ကျောင်းသွား ဘုန်းတော်ကြီးဆီမှာ အပြစ်တွေဆေးကျောလိုက် နဲ့ နေလာခဲ့ကြရင်းနဲ့တစ်နေ့ ဘုန်းတော်ကြီးက စဉ်းစားမိသတဲ့ စဉ်းစားမိတဲ့အတိုင်း […]