manawphyulayAugust 12, 20111min1457
ကျွန်မဟာ အထီးကျန်လမ်းမှာ လျှောက်နေတယ်….. ဒါ ကျွန်မ သိကျွမ်းတဲ့ တစ်ခုတည်းသော လမ်းပါ ဒီလမ်းက ဘယ်ကိုရောက်မှာလဲ ကျွန်မ မသိဘူး ဒါပေမဲ့ ဒီလမ်းက ကျွန်မအိမ်ပဲမို့ တစ်ကိုယ်တည်း လျှောက်နေရပါတယ်။ ဟာလာဟင်းလင်း လမ်းမကို ကျွန်မ လျှောက်လာတယ် အပိုင်းအစ အိပ်မက်များရဲ့ လမ်းလယ်ကောင်မှာပေါ့ မြို့ကြီးက အိပ်စက်နေလေရဲ့ ကျွန်မကတော့ တစ်ယောက်တည်းပဲ ဘယ်ဟာ ဆိုးကောင်းဆိုတာ မျဉ်းတွေရဲ့ကြားမှာ ကျွန်မ မှန်းဆကြည့်မိတယ် အသက်ရှင်ဖို့ လိုအပ်တဲ့ အဓိကအရာတွေကို ဆန်းစစ်ရင်း ကျွန်မ တစ်ကိုယ်တည်း ဆက်လျှောက်ခဲ့မိပါတော့တယ်….. ရေးသားသူ – မနောဖြူလေး