moonpoemJune 3, 20141min18515
လွန်ခဲ့တဲ့ တစ်ပတ်လောက်က စပြီး ခရီးအသွားများတဲ့ဒဏ်တွေရော အိပ်တဲ့အချိန်မွေ့ယာမခင်းမိဘဲ အိပ်မိတာရော ချော်လဲတာတွေ ပေါင်းပြီး ကျွန်မခါးတော်တော် နာနေပါတယ်။ အထိုင်အထလုပ်ရင် ခါးရိုးထဲက တအားနာတာကြောင့် အရိုးအဆစ်ကုသရာမှာ နာမည်ကြီးတဲ့ ဆရာဝန်မကြီး ဆီမှာ ပြသဖို့ ဆေးခန်းကိုသွားခဲ့ပါတယ်။ ဆေးခန်းက ဆိုင်းဘုတ်မှာ ရေးထားတာတော့ အချိန်က ကြားရက်ဆိုရင် ညနေ၃နာရီမှ ၉နာရီတဲ့။စနေ တနင်္ဂနွေဆိုရင် ညနေ၅နာရီမှ ၉နာရီတဲ့။ ကျွန်မပြမှာကြားရက် ဖြစ်တာကြောင့် စောစောသွားပြီးတိုကင်ယူထား ပေမယ့် ည၈နာရီထိုးမှ ဆရာမရောက်လာပါတယ်။ ကျွန်မပြပြီးတော့ည၉နာရီခွဲသွား ပါပြီ။ဆေးထိုးပေးပြီး ခါးနာတဲ့ ဒဏ်တွေပျောက်ဖို့ ရေခဲကပ်ဖို့ မှာလိုက်ပါတယ်။အဲဒါ ပထမနေ့မှာပါ။ ပထမနေ့ပြပြီး သိပ်မသက်သာလို့ ဒုတိယတစ်ခါ လာပြပြန်တော့ အရင်နေ ့က ည၈နာရီမှလာတာပဲဆိုုပြီး ညရနာရီခွဲမှ တိုကင်ယူပြီး စောင့်ပြန်တော့လည်း ည၉နာရီမှ ရောက်ချလာပြန်တယ်။ အဲဒါ […]