ဒွါရာဝတီ၊ မြို့ဋ္ဌာနီကား၊ ဂုဏ်ရည်လျှံပျို့၊ မင်းနေမြို့တည့်၊ သည်မြို့ပင်ရင်း၊ အတိတ်ခင်းက၊ မင်းစောတေဇာ၊ ဘုန်းသမ ္ဘာကြောင့်၊အာကာတိမ်ယံ၊ ကွန့်မြူးစံသည့်၊ မိုးပျံမြို့လှ၊ အံ့ထူးစွရှင့်၊ ဋ္ဌာနတင့်ဆန်း၊ ဤမြေနန်းကို၊ မော်ကွန်းကဗျာ၊ ရေးဖွဲ့ပါအံ့၊ ကမ ္ဘာအစ၊ တည်ဦးကလျှင်၊ စ၍ဆက်လာ၊ မင်းရာဇာကား၊ မဟာသမ္မတ၊ ဘွဲ့မည်ရ၏၊ ကဿပမြတ်စွာ၊ သာသနာသို့၊ ကောင်းစွာသတ်မှတ်၊ ရောက်တုံလတ်က၊ ကောရပ္ပမင်းဆွေ၊ ဆယ့်နှစ်ထွေတို့၊ တည်လေဆောက်ကြ၊ မြို့ဋ္ဌာနကား၊ “မေဃဝတီ” မင်းနေပြည်တည့်၊ ထိုသည်မင်းစဉ်၊ နောက်ဆုံးဝင်သည့်၊ ဘုရင်မင်းစော၊ စိုးစံသောခါ၊ ဒေါသကြီးမား၊ မာန်ဟုန်ကြွားသည့်၊ နဂါးညီနောင်၊ အမျက်စောင်၍၊ ရန်ထောင်ဖြိုဖျက်၊ ရေလွှမ်းချက်ကြောင့်၊ ဘုန်းဆက်မှန်ရာ၊ စောရာဇာလည်း၊ ဒွါရာဝတီ၊ ဋ္ဌာနေဆီသို့၊ ကြွချီပြီးကာ၊ မြေမှန်ရာ၌၊ “ဒွါရာဝတီ” မြို့နာမည်ဖြင့်၊ သိင်္ဂ ီကြငှန်း၊ အဆန်းဆန်းဖြင့်၊ ထီးနန်းတည်ဆောက်၊ […]