ဂ်စ္စူJanuary 17, 20111min3152
မြန်မာစစ်အစိုးရအပေါ် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ (EU) တို့က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတာတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က တိုက်တွန်းလိုက်ပါတယ်။ AP အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ။ စက်တင်ဘာ ၂၀၊ ၂၀၁၀။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့တာတွေလို ဖြစ်ထွန်းမှုတွေအပေါ် နိုင်ငံတကာ အသိုင်းအဝန်းက တုံ့ပြန်တဲ့ အနေနဲ့ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့တာမျိုးလုပ်ဖို့ လိုတယ်လို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းက အစည်းအဝေးအတွင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။ […]