မြစပဲရိုးMarch 12, 20121min1533
အခြေခံသဘော (၁၂) – ဘာသာရေးမှ ဥပဒေကို မသတ်မှတ်နိုင်။ ပြည်သူများမှသာ ဥပဒေ ကိုသတ်မှတ်နိုင်သည်။ ကိုးကွယ်ရာဘာသာများမှ ဥပဒေကိုပြဌာန်းခြင်းမပြု။ ပြည်သူများကသာ မဲဆန္ဒဖြင့် ဥပဒေ ကို ပြဌာန်း သည်။ ကမ္ဘာ့နိုင်ငံ အချို့တွင် လူအများစု ကိုးကွယ်ယုံကြည်ရာ ဘာသာရေး တစ်ခုမှ ဥပဒေများ ပြဌာန်းခဲ့ကြ၍ နိုင်ငံသူ/သား များက ထိုဥပဒေကို လိုက်နာခဲ့ကြရသည်။ ထိုနိုင်ငံများကို ဒီမိုကရေစီ နိုင်ငံများဟု မခေါ်ခဲ့ကြပါ။ ထိုဘာသာရေးကို မကိုးကွယ်၊ မလိုက်စားသော လူများအတွက် ထိုဥပဒေများကို လိုက်နာ ရန် အလွန်ခက်ခဲကြပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူမျိုးအများအပြားတွင် ထာဝရ ဘုရားသခင် က လူသားများကို မည်သို့နေထိုင် စေရန်အလိုတော် ရှိသည် ကို စိတ်ကူးများ အမျိုးမျိုးကွဲပြားကြပါသည်။ ထာဝရ ဘုရားသခင်က […]


မြစပဲရိုးMarch 11, 20122min2623
အခြေခံသဘော (၆) – အရွယ်ရောက်သူတိုင်း မဲ တစ်ပြား ပေးခွင့်ရှိသည်။ ဒီမိုကရေစီစနစ်တစ်ခုတွင် မဲဆန္ဒဖြင့် ဆုံးဖြတ်ချက်ပေးရမည့် အကြောင်းအရာကို နားလည်သဘောပေါက်နိုင်သည့် အသက်အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့် ရှိသည်။ လူတစ်ယောက်သည် အရွယ်ရောက်လျှင် အတွေ့အကြုံ ရှိသောကြောင့် မဲပေးခွင့် ရှိသည်ဟု ပြောလေ့ရှိသည်။ အရွယ်ရောက်သူ အားလုံး မဲပေးခွင့်ရသင့်သည် ဟုထင်ပါသလား? စစ်တပ် နှင့် သဘောထားခြင်း မတိုက်ဆိုင်သူများရော မဲပေးခွင့် ရှိသင့်ပါသလား? ဆင်းရဲသူများရော မဲပေးခွင့် ရှိသင့်ပါသလား? မသန်မစွမ်း သူများရော မဲပေးခွင့် ရှိသင့်ပါသလား? ဒီမိုကရေစီစနစ်တစ်ခုတွင် အရွယ်ရောက်သူ တစ်ဦးသည် ကျန်းမာသည်ဖြစ်စေ၊ မကျန်းမာသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ စစ်တပ် နှင့်သဘော တူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ အရွယ်ရောက်သူတိုင်း မဲတစ်ပြား ပေးခွင့်ရှိသည်။   […]


မြစပဲရိုးMarch 10, 20121min51031
ကျောင်းသူ/ကျောင်းသားတွေ အတွက် ဒီမိုကရေစီ အကြောင်း ကို ပုံပြင်လေးနဲ့ ပြောထား တဲ့ The Democracy ဆိုတဲ့ စာအုပ် ကလေးပါ။ ဒီစာအုပ်ကို ရေးသားတဲ့ Dr. Jerry Dean Epps, (Ph. D. in Human Services, M.A. in Sociology, B.A. in education) ဟာ အမေရိကန်မှာ နေထိုင်ပြီး တက္ကသိုလ် ဆရာ လဲ ဖြစ်၊ အတိုင်ပင်ခံပညာရှင် လဲ ဖြစ်ပါတယ်။ သူဟာ အမေရိကန် က 9/11 ဖြစ်ရပ် အပြီးမှာ အဲဒီလို အကြမ်းဖက်မှုမျိုးတွေကို ဘယ်လို ရပ်အောင် လုပ် ရမလဲဆိုတာကို စဉ်းစားရင်း ဒီစာအုပ်ကိုရေး ခဲ့ပါတယ်။ […]