alinsettJuly 27, 20122min2364
”ကျွန်တော့်အမေလည်း တက္ကသိုလ်မှာ စာပြခဲ့တယ်” ”ဟုတ်ပြီ … နာမည်ဘယ်လိုခေါ်လဲ” ”ဆိုဖီယာအခရာမီ” အဘိုးအို၏ အတွင်းတိမ်စွဲသောမျက်လုံး မှိတ်တုတ်မှိတ်တုတ်ဖြစ်လာသည်။ ”ကန္တာပေါင်းပင်တွေဟာ ရှင်သန်လို့၊ နွေဦးရဲ့ ပန်းပွင့်ကလေးကတော့ ပွင့်ပြီး နွမ်းသွားတာပဲတဲ့။ ဒီလောက်ကျက်သရေရှိတဲ့ မိန်းကလေး … ဒီလောက်ဂုဏ် သိက္ခာရှိတဲ့မိန်းကလေး … ဒီလိုကြေကွဲစရာဖြစ်ခဲ့တယ်ကွယ်” ”အဘိုးက ကျွန်တော့်အမေကိုသိလား” အဘိုးကြီးရှေ့ ကျွန်တော်ဒူးထောက် ပြီးမေးရပြီ။ ”သိပ်သိတာပေါ့” ______________________________________ ”အဘိုးက ကျွန်တော့်အမေကိုသိလား” အဘိုးကြီးရှေ့ ကျွန်တော်ဒူးထောက် ပြီးမေးရပြီ။ ”သိပ်သိတာပေါ့” ဟု သူတောင်းစားအိုကြီးဆိုသည်။ ”အတန်းပြီးရင် အတူထိုင်စကားပြောနေကျကွဲ့။ နောက်ဆုံးစကားပြောကြတဲ့အခေါက်က မိုးတွေရွာ နေတယ်။ အတန်းတင်စာမေးပွဲအပြီးဆိုတော့ ဗာဒံစေ့ကိတ်မုန့်ရယ်၊ ပျားရည်ရယ်၊ လက်ဖက်ရည်ပူပူလေးရယ် အတူစားခဲ့ကြတာကွဲ့။ အဲဒီတုန်းက ဆိုဖီယာ ကိုယ်လေး လက်ဝန်နဲ့၊ အလှကြီးလှနေတဲ့အချိန်။ အဲဒီနေ့က ဆိုဖီယာပြောတဲ့စကား […]