moonpoemJuly 1, 20141min26913
ကျွန်မကလေ တကယ်ပါ ဆံပင်ပုံစံပြင်လို့အကျိုးမပေးတဲ့ အထဲမှာ ပါတယ်။ တက္ကသိုလ်ပထမနှစ်တက်လို့ နှစ်ဝက်ရောက်ချိန်ချစ်စံအိမ် ဇာတ်ကားထဲကအွန်စောဆံပင် အကောက်စတိုင်ခေတ်စားတော့ ကိုယ်လည်းအွန်စောထက် လှလိုလှငြားသွားကောက်တယ်။ Mainနားကအလှပြင်ဆိုင်တစ် ဆိုင်ကိုသွားကောက်တော့ ကံဆိုးချင်တောသင်တန်း တက်နေဆဲဆိုင်က ကောင်မလေးရဲ့အစမ်းသပ်ခံ ဘဝနဲ့သွားတိုးပါလေရောလား။ ဆံပင်အချို့ကနံပါတ်၂၃အလိပ်တံနဲ့အချို့ကနံပါတ်၂၅နဲ့မှားကောက်တာခံရတယ်။ကိုယ်ကတော့ ဘယ်သိမလဲအွန်စောစတိုင်လို့ပ ဲထင်တာ။ပြီးလည်းပြီးရော ဆံပင်တစ်ခြမ်းကပြေပြေလေး ကောက် တစ်ခြမ်းကကျ ခေါက်ဆွဲကောက်သလို ကောက်ချိတ်နေပြီး လူက အသားညိုတော့အွန်စောမဖြစ်ဘဲအိနိ္ဒယစော ဖြစ်သွားလေရဲ့။ စိတ်နာပေမယ့်ကိုယ့်ကိုကိုယ် ဟယ်ရီဘယ်ရီနဲ့နင်လားငါလား ပါပဲလေဆိုပြီး တစ်နှစ်လောက် တော့ သည်းခံလိုက်ပါတယ်။ နောက်နှစ်ကျတော့ ဆံပင်ဖြောင့်ဖို့ စိတ်ကူးမိတယ်။ ဖွင့်ခါစ ဆိုင်တစ်ဆိုင်က လျှော့ဈေးဆိုတော့ စိတ်ဝင်စားလို့သွားဖြောင့်လိုက်မ ိတယ်။ ဖြောင့်ချက်ကလန်းသလားတော ့မမေးနဲ့။ဦးရေပြားထိပ်ကို နည်းနည်းလေးမှ မချန်ဘဲ ဖြောင့်ပေးလိုက်တာ။ထိပ်ကချွန် ပြီးဘေးဆံပင်တွေကားသွား တယ်လေ။အာဖရိကလူမျိုးတွေနေတဲ့ တဲအိမ်ကြီး ကျနေတာပဲ။ အဲသဟာတော့လုံးဝမခံစားနိုင်လို ့၃လလောက်အကြာ ဆံပင်အတိုသွားညှပ်မယ် စိတ်ကူးမိ်တယ်။ညှပ်တာတော […]