who whoOctober 18, 20111min1834
နည်းလမ်းရှာလို့ အာသဝရန်သူတွေကို တိုက်ကြပါစို့ ဆိုတော့ အရင်ဆုံး ဆရာလိုလာပြီ။ ဒီလမ်း၊ ဒီခရီးကို ကိုယ်တိုင် လျှောက်ဖူးပြီးသော ကိလေသာ ရန်သူတိုက်ပွဲတွင် တိုက်ခိုက်လို့ အောင်နိုင်ပြီးသော သာသနာ့ အာဇာနည် သူတော်ကောင်း တို့ကို ဆရာတင်ရပေမည်။ ဒါက ကျနော့ရဲ့ နံပါတ်တစ် အစီအစဉ်ပေါ့။ တစ်သံသရာလုံးက မလျှောက်ဖူးခဲ့သောလမ်းကို လျှောက်ရမည်။ ပြီးတော့ကာ ရိုးရိုး အပျော် လျှောက်ခြင်းမဟုတ်ပဲ ကိလေသာ ရန်သူတွေနဲ့ တိုက်ဖို့ ရှေ့တန်းထွက်ရတော့မည်။ ဒီတော့ ဆရာမပြ ၊ နည်းမကျ ဆိုသကဲ့သို့ ကိုယ်မသိသော ခရီးလမ်းကို လျှောက်ဖို့ ဒီခရီးတွင် လျှောက်လှမ်း အောင်မြင်ခဲ့ပြီးသော လမ်းပြဆရာကတော့ ရှိမှဖြစ်မည်။ ဘယ်လို နေရာမျိုးမှာ ဘယ်လို အခက်အခဲတွေ ကြုံလာရင် ဘယ်လိုနည်းနဲ့ ရင်ဆိုင်ရမယ်။ ဆိုတဲ့ […]


who whoOctober 17, 20111min1301
အင်း…ကျနော့ခန္ဓာအိမ်ကြီးမှာက ရန်သူတွေ တပ်စွဲပြီး ဖြစ်နေပါပြီ။ အရင်ကတော့ အဲလို ရန်သူ့လက်အောက် ရောက်လို့ရောက်မှန်း မသိလေတော့ မိုးလင်းမိုးချုပ် သူတို့ခိုင်းတာကို ပျော်ပျော်ကြီးကို လိုက်လုပ်လို့ အဟုတ် ကြီးထင်ပြီး ငါကွလို့ ဂုဏ်တွေတောင် ယူနေပါသေးရဲ့နော်။ အင်း…သိပါပြီ။ သစ္စာသိခွင့်မရအောင် မျက်လုံးပိတ်လို့ အချိုသပ်ခိုင်းခံနေရတဲ့ ကိုယ့်ဘဝ ကိုယ် ဒုက္ခတွင်းထဲကျနေပါပေါ့လားလို့ သိလိုက်ရပါပြီ။ သစ္စာလေးပါးနဲ့ ယောင်လို့တောင် တွေ့ခွင့်ဆုံခွင့် မရရလေအောင် အဝိဇ္ဇာဆိုတဲ့ ခေါင်းဆောင်ကြီးက မျက်လုံးပိတ်၊ နားပိတ်လို့ သူ့တပည့် သုံးယောက်ကို တာဝန်တွေပေးလို့ အချိတ်အဆက်မိအောင်ကို လှည့်ခိုင်းလည်ခိုင်း နေလိုက်ကြတာ။ ဟူး…ဒီလက် အောက်က လွတ်ဖို့ကတော့ ဘယ်နှယ့်များ လုပ်ရပါ့မလဲဆိုတာ တွေးရင်းနဲ့ တောင် စိတ်တွေ မွန်းကျပ်လာရပါပြီ။ ဒီနေ့လည်း ကြည့်ပါဦးတော့။ သူတို့ခိုင်းတာလေး လုပ်ရင်းက သူတို့ကို မျက်ခြေမပျက် […]


who whoOctober 11, 20111min2269
အင်း…အနီးကပ်ရန်သူသုံးယောက်ကိုတော့ တွေ့ပါပြီ။ သူတို့တွေက ဘယ်အချိန် ကတည်းကများ ကိုယ့်ခန္ဓာအိမ်ထဲရောက်နေကြပါလိမ့်ဆိုတာရယ်၊ သူတို့ရဲ့ ခေါင်းဆောင်က ဘယ်သူများလဲဆိုတာရယ် သိချင်တာကြောင့် ဒီနေ့ တော့ဖြင့် မနက်မိုးလင်းကတည်းက သူတို့ ဝင်လာမယ့်ပုံစံကို ကြည့်ဖို့ စောင့်နေပါပြီ။ အင်း…အရင်ဆုံးကတော့ ကာမာသဝက အရင်ဆုံး ဝင်လာပါပြီ။ ဒီနေ့ ဘယ်သူ့ ဆွမ်းကျွေး ကိုတော့ဖြင့် မသွားလို့ မဖြစ်ပေဘူး။ အပြန်ကျရင်တော့ ဈေးဝင်ဦးမှပဲရယ်လို့ စတွေးမိလိုက်တာနဲ့ပဲ အော..ကာမာသဝရေ.. ရောက်လာပါပေါ့လား ဆိုတာ တန်းသိလိုက်ပါပြီ။ မကြာပါဘူး…။ အော်..ဒီရက်ပိုင်း အလုပ်တွေများနေတာတောင် ကျန်းမာနေတာ တော်သေးရဲ့။ ဘာပဲဖြစ်ဖြစ် လူကလည်း ကျန်းမာလို့ လှူချင်တန်းချင်တာလည်း လှူနိုင်တန်းနိုင် နေတာကိုက အရတော်တဲ့ ဘဝပဲလို့ တွေးလုံးတွေက ပေါ်လာပြန်ပါတယ်။ ဟော…ဒီရန်သူက ဘယ်သူပါလိမ့်မယ်။ သတိနဲ့ ကြည့်လိုက်တော့မှ အော် ကိုယ့်ဘဝလေးကို […]


who whoOctober 10, 20111min1402
ကျနော့ဘဝရဲ့ လက်ရှိအချိန်တွေကို ပိုင်းကြည့်လိုက်တော့ အချိန်က အလွန်နည်းလှသည်။ နက်ဖြန်ဆိုတာ မသေချာပေ။ အသေချာဆုံး လက်ရှိ အချိန်ကို သစ္စာသိအောင် ကြိုးစားဖို့သာ အရေးကြီးလှသည်မလား။ အင်း… ခက်တော့နေပါပြီ။ နေ့စဉ် ကျင်လည် လှုပ်ရှား ရုန်းကန်နေရတဲ့ အလုပ်တို့က တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပေါ်ပေါက်နေပါပြီ။ ကျနော်ပိုင်းခြားထားတဲ့ တစ်နေ့တာ အချိန်ဇယားကလည်း ပေါ်လာတဲ့ အရေးကိစ္စတွေနောက် မလိုက် နိုင်ရှာတော့ပေ။ ဘယ်မလဲ ကျနော့ရဲ့ ကိုယ်ပိုင်အချိန်။ သစ္စာလေးပါး အမှန်တရားကို သိအောင် မြင်အောင် ပွားများအားထုတ်ဖို့ အခွင့်အရေးတွေကို လိုက်ပြီး ပိတ်ပင်နေသော ရန်သူကတော့ ကျနော့အနီးမှာ သေချာပေါက် ရှိနေ ပါပြီ။ ဒီနေ့တော့ဖြင့် လုပ်စရာအလုပ်တွေကို လွတ်ထားလိုက်ပြီးမှ ရန်သူ ကို တွေ့အောင်ရှာရပေတော့မည်။ အင်း ကျနော်တို့ကို နေ့စဉ် […]