KingJuly 29, 20111min32316
မနေ့က မြန်မာနှင့် အိုမန်ဘောလုံးပွဲကို သွားကြည့်ဖို့ မတက်နိုင်ပေမယ့် TV ကနေပဲ အားပေးမယ်လို့ စိတ်ဆုံးဖြတ်ပြီး အားပေးဖြစ်ခဲ့ပါတယ် … မြန်မာအသင်းရဲ့ ပရိတ်သတ်တွေဟာ အဆမတန် များပြားလွန်းတာကိုလည်း ဝမ်းမြောက်ကြည်နူးဖွယ်လည်း တွေ့ ရှိခဲ့ရပါတယ် … ကိုယ်တိုင် မသွား ရောက်နိုင်တာကိုတောင် စိတ်ထဲမှာ အားမလို အားမရဖြစ်ပြီး ကိုယ့်ကိုယ်ပင် အပြစ်တင်မိနေပါတော့တယ် … ပွဲမစခင် ပရိတ်သတ်အားလုံးရဲ့   နိုင်ငံတော် သီချင်းဆိုသံဟာလည်း ကြက်သိန်း တဖြန်းဖြန်းထလောက်အောင်ကိုပင် ဇာတိသွေး ဇာတိမာန်များ နှိုးထလာပါတော့တယ် … ကွင်းထဲမှာ ရှိတဲ့ ပရိသတ်၊ ကစားသမားများဆိုရင် ဘယ်လောက်တောင် မျိုးချစ်စိတ်ဓာတ်များ ထက်သန် နေကြမလဲ ဆိုပြီး ရင်ခုန်သံတွေ မြန်ဆန်လာပါတော့တယ် (သမီးရည်းစား စထားခါစ ပထမဦးဆုံး ရုပ်ရှင်အတူတူကြည့် တာထက်တောင် ပိုတယ်ဗျ […]