AKKONovember 9, 20111min12217
ဆိုက်ကားနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ အမျိုးသမီးကို ဆိုက်ကားခပေးလိုက်ရတော့ အောင့်သီးအောင့်သက်နဲ့ ။ ပါးစပ်က ပြောမထွက်သော်လည်း ကျလိကျလိဖြစ်ကာနေပါတော့တယ် ။ သော့ဖွင့် ၊ တံခါးဆွဲဖွင့်ရုံရှိသေးတယ် အလိုက်မသိတဲ့ အမျိုးသမီးက ဆွေ့ခနဲ ခုန် ပေါ်အခန့်သား ၊ ကျွန်တော်လည်း ဆေးခန်းဖွင့်ဖွင့်ချင်း စိတ်အနှောက်ယှက်မဖြစ်ချင်လို့ အလိုက်မသိတဲ့ လူပါလားဆိုတာပဲ စိတ်ကတွေးပြီး လုပ်စရာရှိတာတွေ ဆက်လုပ်ပါတော့တယ် ။ နေ့တိုင်းတံမြတ်စည်းလှည်းတာတောင် ဖုန်အလိမ်းလိမ်းကနေ့တိုင်း ကြိုဆိုလို့နေတယ် ။ ဒီနေ့တော့ ကျွန်တော့်အတွက်ကံဆိုးခြင်းပါပဲ ။ မင်းပဲ ဗိသုကာ ၊ မင်းပဲ ဆရာဆိုတဲ့အ တိုင်း တံမြက်စည်းလှည်း ၊ မှန်သုတ် ၊ ခုံတွေ သပ်သပ်ရပ်ရပ်လုပ်ရတာ ကျွန်တော့တာဝန်ပေါ့ ။ ဒီနေ့ကျမှ ကျွန်တော်ကလည်း သာမန်အချိန်ထက်စောနေတာက တကြောင်း ၊ တခြား […]