black chawOctober 15, 20121min52331
အနုပညာခံစားမှု ဆိုတာ ဆရာလိုမလို ဆိုတဲ့ ကိစ္စလေး ဆွေးနွေးကြည့်မလား လို့ပါ…။ အနုပညာတစ်ခုခုဟာ ဖန်တီးသူနဲ့ ခံစားမယ့်သူနဲ့ ကြားမှာ အကွာအဝေးတစ်ခုခုရှိနေတတ်ပါတယ်…။ ပို့စ်မော်ဒန် တွေခေတ်စားကာစက တောင်စဉ်ရေမရတွေ လျှောက်ရေးနေတာပါကွာ..၊ နားကိုမလည်ပါဘူးလို့ အလွန်အကျွံ ဝေဖန်ခဲ့ကြသူတွေလည်း မနည်းလှပါဘူး…။ နားမှမလည်ဘူးဆိုမှတော့ ဘယ်လိုလုပ်ခံစားနိုင်စွမ်းရှိတော့မလဲဗျာ…နော့…။ ဆိုလိုချင်တာက အနုပညာတစ်ခုဟာ ခံစားမယ့်သူထက် နိမ့်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…။ နောက်တစ်ဖက်က ပြန်ကြည့်ရင် အနုပညာတစ်ခုဟာ ခံစားမယ့်သူထက် မြင့်လွန်းနေတာလဲ ဖြစ်နိုင်တာပါပဲ…။ နောက်တစ်ခုက ခံစားမယ့်သူရဲ့ ခံစားနိုင်စွမ်းပေါ်မူတည်ပြီး အနုပညာတစ်ခုက ပေးနိုင်တဲ့ ရသတွေ အတွေးအခေါ်တွေဟာ ကွဲပြားခြားနားနေတယ် ဆိုတာပါပဲ…။ စာပေလွတ်လပ်ခွင့်မရခဲ့ခင်တုန်းက အောင်ဆန်းစုကြည် ကို ကဗျာရေးတာတောင် ဝင်္ကဝုတ္တိတွေသုံးပြီးရေးခဲ့ကြရတာပါ…။ စာပေစိစစ်တဲ့လူတွေကို လှည့်စားရတာပေါ့ဗျာ…။ ဥပမာ…။ ဆရာဇော်ဇော်အောင်ကြီးက အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ရေးခဲ့ဘူးတယ်ဆိုတဲ့ စာလေး […]