thit minDecember 29, 20111min33228
အားလုံးအတွက်ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ(^^) သူကြီးဦးခိုင်မှအစပြု၍မန်းဂေဇက်ဝင်မိသားစုအားလုံးနဲ့ ဝင်ဖတ်သူတွေပါမကျန်နှစ်သစ်မှာ စိတ်သစ်လူသစ်တွေနဲ့ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ဒီနေ့ ၂၉ ရက်နေ့မှာဘဲ နှစ်သစ်ကူးဆုတောင်းကို ကြိုပြီးဆုတောင်းလိုက်ပါတယ်။ ကျနော် တို့တွေ ဘဝအမျိုးမျိုး စိတ်အမျိုးမျိုးတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ နှစ်ဟောင်းကို ပိုကောင်းသော နှစ်သစ်ဖြစ်သွားအောင် ပြုပြင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ကြိုးစားရမယ်လို့ယုံကြည်ပါတယ်။ ကိုယ့်ကိုကိုယ်ကောင်းအောင် နေတယ်ဆိုတယ်ဆိုတာ အပြောလွယ်သလောက်အလုပ်ခက်ပါတယ်။ ငါ ငါ ဆိုတဲ့ မာန ဟာ လူ တယောက်ကိုရုပ်ဆိုးအကျည်းတန်လှပါတယ်။ နှိမ့်ချတတ်ခြင်းဟာ မင်္ဂလာတပါးဆိုတဲ့အတိုင်း မာနကင်းတဲ့သူဟာ ရုပ်မလှပေမဲ့စိတ်လှပါတယ်။ ကျနော် တချိန်က မာနကြီးတဲ့ လူတယောက်ဖြစ်ခဲ့ဘူးပါတယ်။ကိုယ်နဲနဲသိတာ တတ်တာလေးကို နွားခြေရာကွက်ထဲက ရေကို ပင်လယ်ထင်တဲ့ဖားသူငယ်လို ခြေသလုံးက သွေးနားထင်ကိုရောက်ခဲ့တာမျိုးပါ။ ကိုယ့်ထက် ဂုဏ်အားဖြင့်အသက်အားဖြင့်ကြီးသူများကိုလည်း နှုတ်နဲ့ စော်ကားမော်ကားပြောဘူးပါတယ်။ ဘာသိလို့လဲ၊ ငါ့လောက်သိလို့လားပေါ့ အဲဒီလို ပုံစံမျိုးတွေပါ။ ခုနေပြန်ကြည့်လိုက်ရင်တော်တော်ရှက်ဘို့ကောင်းလှပါတယ်။ အဲဒီလိုအပြောခံရသူတွေက ဘာမှပြန်မပြောတာကိုတောင် ငါဟုတ်လှပြီလို့ […]