”ကလေးတွေနေတဲ့အိမ်ဆိုတာ ဘာလဲ။ မိဘမဲ့ဂေဟာလား” စိုးရက်ပ်၏အပြုံး မှိန်ကျသွားသည်။ ”ခဏလေးပဲနေရမှာ သားရဲ့” ”ဟင့်အင်း … ဟင့်အင်း … မလုပ်ပါနဲ့” ”စိုးရက်ပ်၊ ခဏလေးနေရမှာပါ။ ကာကာ ကတိပေးတယ်” ”အရင်တုန်းက ကာကာကတိပေးတော့ သားကိုဘယ်တော့မှ မိဘမဲ့ ဂေဟာ ပြန်မပို့ဘူးဆို ” …………………………………… ”အရင်တုန်းက ကာကာကတိပေးတော့ သားကိုဘယ်တော့မှ မိဘမဲ့ ဂေဟာ ပြန်မပို့ဘူးဆို” စိုးရက်ပ် အသံအက်ကွဲနေသည်။ မျက်လုံးထဲမျက်ရည်များ အိုင်ထွန်း နေသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကျိန်းစပ်နေသည်။ ”ဒါကမတူဘူးကွ။ ဒီနေရာက အစ္စလမ္မာဘက်လေကွာ။ ကဘူး မဟုတ် ဘူး။ ကာကာက သားဆီတချိန်လုံးလာကြည့်မှာ။ သားကို အမေရိကားသွားဖို့ ခေါ်ထုတ်နိုင်တဲ့အချိန်ထိ ကာကာအမြဲလာကြည့်မှာ” ”ဟင့်အင်း … ဟင့်အင်း … မလုပ်ပါနဲ့၊ သားကြောက်တယ်။ […]