thit minNovember 6, 20115min28425
ဘာလဲတော့မသိဘူး။ တအိမ်လုံးခရီးထွက်သွားလို့ဝမ်းကွဲဒေါ်လေးတယောက်ရယ်။ တောကလာနေတဲ့အဒေါ်ကြီးတယောက်ရယ်ဘဲအိမ်မှာရှိတော့တယ်။ ဖွားဖွားကပြောတယ်၊မသွားခင်မနေ့ကပေါ့နော်။သားလေးရေမင်းမေမေနေမကောင်းလို့ သူတာဝန်ကျနေတဲ့မြို့ကိုဖွားဖွားလိုက်သွားမလို့တဲ့။ ခုမနက်ကြည့်လိုက်တော့လူ၁ဝယောက်လောက်နေတဲ့အိမ်မှာအကုန်နီးပါးထွက်သွားတာ။ ဘာမှန်းကိုမသိဘူး။ တော်ပြီ ကျောင်းသွားတော့မယ်။ ဒေါ်လေးဝယ်ပေးထားတဲ့မုန့်ဟင်းခါးကိုစားပြီး၊ယူနေကျ ရေကျက်အေး ရေဘူးလေးကိုယူတယ်။ လွယ်အိပ်လွယ်ပြီး ဒေါ်လေးရေသားသွားပြီလို့ နှုတ်ဆက် ထွက်လာပြီ။ ကျောင်းကအိမ်နဲ့ ၁၅ မိနစ်လောက် လျှောက်ရတဲ့နေရာမို့လမ်းလျှောက်သွားတယ်။ ကျောင်းနားရောက်ပြီဆိုတော့ဝယ်နေကျကျောင်းနားကစတိုးဆိုင်လေးကိုဝင်ပြီး၊မုန့်စားဆင်းချိန်စားဖို့မုန့် ဝယ်တယ်။ အဲဒီမုန့်ဆိုင်ပိုင်ရှင်အဒေါ်ကြီးက အိမ်ကလူတွေနဲ့ခင်တယ်။ရင်းနှီးတယ်။ မုန့်ဝယ်ပြီးထွက်မလို့လုပ်တုန်းဘေးကသူ့နဲ့ရွယ်တူမိန်းမတယောက်နဲ့အတင်းပြောနေတဲ့အဲဒီဒေါ်ကြီးကလှမ်းပြီး “ဟဲ့  သားလေးနင်လိုက်မသွားဘူးလား၊ နင့်အမေဆုံးတာ” လို့လှမ်းပြောလိုက်တယ်။ ရုတ်တရက်ကြောင်သွားပြီးမှ နောက်မှ ပြန်ပြောလိုက်တယ်။ “ဘယ် ကလာ၊မေမေနေမကောင်းလို့၊ ဖွားဖွားတို့လိုက်သွားတာပါ၊ဘာလို့သေရမှာလဲ၊မသေပါဘူး”လို့ အလန့်တကြားပြောလိုက်တော့…………….. “ဟာ အေးအေး ဟုတ်တယ် မသေဘူး၊ဟုတ်တယ်..မှားပြောမိတာဟေ့လို့” အဲဒီဒေါ်ကြီးကပြန်ပြောတယ်။ ဘာမှမတုန့်ပြန်တော့ဘဲ ထွက်လာလိုက်ပြီ။ လမ်းပေါ်ရောက်တော့ ခြေထောက်ကဆက်သွားလို့မရတော့ဘူး။ ငါ့အမေတကယ် သေသွားတာဆိုရင်? ဆိုတဲ့ မေးခွန်းက ရင်မှာရော၊ စိတ်မှာရော ပဲ့တင်ထပ်လာတယ်။ အဲဒီဟာကိုတွေးပြီး လူကလှုပ်လို့မရတော့ဘူး။ မထင်မှတ်တဲ့ […]