ငိုသံတွေကြားနေရတယ်။ တဝုန်းဝုန်း တအုန်းအုန်းနဲ့ တစ်စုံတစ်ခုကိုရိုက်ခတ်သံတွေက နားစည်တွေ ကွဲထွက်မတတ်။ မျက်နှာကို တိုးဝှေ့တိုက်ခတ်သွားတဲ့ လေတွေက နူးညံ့မှုရှိမနေဘူး။ ပြင်းရှရှနိုင်နေတယ်။ ဒီနေရာမျိုးမှာ တစ်ယောက်တည်းရှိနေတာက အန္တရယ်များတယ်ဆိုတာ သိသိရက်နဲ့ သူမဘာကြောင့် ထွက်လာမိခဲ့ပါသလဲ။ အဖြေ။ အဖြေက ရှိမနေခဲ့ဘူး။ လွမ်းဆွတ်သတိရခြင်းတွေနဲ့ ဒီညမှာ သူမ နိုးထလာခဲ့တာမဟုတ်ဘူး။ ကြောင်တောင်တောင်မျက်လုံးတွေက ဦးတည်ရာမဲ့စွာနဲ့ ဒီနေရာလေးကို ခေါ်ဆောင်လာခဲ့တာပေါ့။ လေတဖြူးဖြူးကြားမှာ သူမဆံနွယ်တွေက လွှင့်လွှင့်။ ခုချိန်မှာ သူမသာ ဆံနွယ်ကလေးဖြစ်လိုက်ရင်..။ ထားပါလေ မဖြစ်နိုင်တာတွေကို အရူးထပြီး တွေးမနေစမ်းနဲ့လို့ သူမကိုယ် သူမ သတိပေးလိုက်တယ်။ ညကတော့ မှောင်မိုက်လို့ကောင်းနေတုန်းရယ်..။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~ (၁)             နားထဲမှာ ဆူညံသံတွေ ဝင်လာပြန်တယ်။ သူမ အိပ်မှုန်စုံမွှားနဲ့ ထလိုက်တော့ နေရောင်ခြည်က သူမ မျက်နှာကိုစူးခနဲ […]