”မိုးကလေးညိုလာရင် xxx လွမ်းမျက်ရည်လေးလည် xxx ငယ်ငယ်တုန်းက သူငယ်ချင်းကို xxx သတိရပါတယ် xxx ကျောင်းသွားအတူတူ xxx ကစားလည်းအတူပဲကွယ် xxx နှောင်းအတိတ်မှာ ပျော်စရာ xxx အောက်မေ့ပါသေးတယ်” ခုတလော မနက်တိုင်းလိုလို မိုးကလေးစွေနေတတ်တယ်။ ပထမတန်းတက်နေတဲ့ သမီးလေးရဲ့ ကျောင်းထမင်းဘူးအမီထည့်ပေးဖို့ မိုးဖွဲတွေကြားမှာပဲ ဈေးကိုထွက်လာခဲ့တော့ မိုးဖွဲတွေကြားမှာပဲ ဈေးက အသက်ဝင်စည်ကားနေတယ်။ ထီးရောင်စုံတွေကြား တွန်းထိုးရင်း ရာသီစာ ပုစွန်ဖော့ချိတ်လေးတွေ တွေ့တာနဲ့ ပုစွန်ကြော်၊ ချဉ်ပေါင်ဟင်းရယ်ချက်မယ်၊ ပိုတဲ့ပုစွန်ကို မျှစ်ကြော်မယ် တွေးပြီး လိုအပ်တာတွေဝယ်တော့ ထုံးစံအတိုင်း မျှစ်ကိုသတိထားရမယ်လေ။ ရန်ကုန်တစ်ခေါက် ရောက်တုန်းက ဆေးမဆိုးထားလောက်တဲ့ အဝါဖျော့ဖျော့ ပေါက်ပြီးသားမျှစ်တွေ ဈေးမှာ ဝယ်ခဲ့ဖူးတယ်။ ဆေးဆိုးမျှစ်ရှောင်စရာမလိုတဲ့ ရန်ကုန်ကအိမ်ရှင်မတွေကို ဒီတစ်ခါတော့ အားကျ မိပြန်ရော။ နယ်မြို့ကလေးမှာတော့ ဈေးထဲကမျှစ်ဆိုင်တိုင်းလိုလို […]