moonpoemAugust 16, 20111min1097
(ခိုးငွေ ့သူငယ်ဆိုတဲ့ခေါင်းစဉ်နဲ ့စာမူုခေါ်နေတာကြာပါပြီ။စာမူတင်ရက်ပိတ်သွားသလား၊ အခြေအနေတွေ ကျွန်မ မသိပါဘူး။ သို ့သော်လည်း မြင်တွေ ့ရတဲ့ မြင်ကွင်းတစ်ခုကြောင့် ဒီစာမူကို သတိရပြီး ရေးချင်စိတ်ပေါ်လာလို ့ရေးလိုက်ပါတယ်။ သာမန် ပို ့စ်တစ်ခုလို ့ပဲ သတ်မှတ်ပေးပါ။) ကျွန်မအိမ်သည် ဗိုလ်ချုပ်ဈေးနှင့် နီးပါသည်။ ထို ့ကြောင့် မနက်ဘက်ဖြစ်စေ၊ညနေဘက်ဖြစ်စေ အမြဲတမ်းလိုလို စည်ကားနေတတ်ပါသည်။တစ်နေ ့ရုံးမှ အိမ်အပြန် စင်ထရယ်ဟိုတယ်အနီးတွင် ကူလီထမ်းနေသော အသက်၁၅နှစ်ခန့် ကောင်လေးသည် စီးကရက်တစ်လိပ်ကို ဟန်ပါပါဖြင့် သောက်နေသည်ကို တွေ ့ရသည်။ သို ့သော်ဟန်ပါပါဟုဆိုရာတွင် ကျွန်မတို ့ ကြည့်ဘူးသော အက်ရှင်ဇာတ်ကားထဲမှ မင်းသားများကဲ့သို ့စတိုင်ကျခြင်းကို ပြောခြင်းမဟုတ်ပါ။ ထိုကဲ့သို ့စတိုင်အပြည့်ဖြင့် သောက်ပြနေသော မင်းသားကဲ့သို ့ငါလည်း မိုက်၏ ဟူသော […]