“ဗျာ….” ကိုအောင်ခန့်နှုတ်ဖျားမှ အံ့ဩသည့်စကားလုံးကြီးတစ်လုံး လွှတ်ကနဲ ထွက်ကျသွားလေ၏။ အိမ်မက်ပေလားဟု ကိုယ့်ကိုယ်ကို ပြန်မဆိတ်မိတော့ပါ။ နေ့လည်ဘက်ကြီး နားနှင့်ဆတ်ဆတ်ကြားလိုက်ရသည်မှာ ဘယ်လိုမှ မမှားနိုင်ပေ။ ကိုအောင်ခန့်ကိုယ်တိုင် ပုံစံထုတ်၊ လက်သမားများနှင့်အတူ အိမ်တိုင်ထောင် ဆောက်လုပ်ခဲ့သော သူ၏အိမ်ပေါ်တွင် ယောကျာ်းသားတစ်ယောက် တက်နေနေသည်မှာ တစ်နှစ်ခန့်ပင်ရှိတော့မည်ဟူသတတ်။ တစ်မိသားစုလုံး သူနှင့် သူ့ဇနီးသာ နှစ်ယောက်တည်းရှိသောအိမ်မှ သူထွက်လာသောအခါ သူ့မိန်းမတစ်ယောက်တည်း ရှိနေရမည်ဖြစ်သော်လည်း ခုတော့ တစ်ခြားယောကျာ်းတစ်ယောက် အိမ်ပေါ်ရောက်နေသည်ဟုကြားရပြန်တော့ ထိုသူ ဘယ်သူလဲဟု သိချင်စိတ်က ကြီးစိုးလာလေပြီဖြစ်သည်။ စိတ်ထဲတွင်မတော့ သူ့ထက်အသက်ကြီးသော၊ ရွက်ကြမ်းရေကျို၊ တောသူမတစ်ယောက်ကို ယူထားသည့်အတွက် မဖြစ်နိုင်ပါဘူးလေဟု ကိုယ့်ကိုယ်ကို လိမ်လည်နေမိသည်။ နီးစပ်ရာအသိများကို အဆက်အသွယ်မရ ရအောင်လုပ်ပြီးမေးသောအခါတွင်လည်း စိတ်မကောင်းသည့်လေသံများဖြင့် သူတို့မသိကြောင်းသာဖြေဆိုကြသဖြင့် ကိုအောင်ခန့်မှာ နေမထိ၊ထိုင်မသာ ဖြစ်လာရလေပြီ။ ခက်သည်က ကိုအောင်ခန့်သည် ဘဝကို ကိုယ်တိုင်ရုန်းကန်လာရသူဖြစ်သည့်အတွက် […]