weiweiNovember 28, 20101min17112
ဆူးရေးလိုက်တဲ့ အိမ်ဖော်ဇာတ်လမ်းကို ဖတ်မိပြီး ကျွန်မတို့အိမ်မှာ အလုပ်လုပ်သွားဖူးတဲ့ အိမ်ဖော်ကောင်မလေးအကြောင်းကို သတိရသွားတာနဲ့ သတိရတုန်းကောက်ရေးလိုက်ပါတယ်။ ကျွန်မတို့အိမ်က အသက်ကြီးတဲ့လူကြီးတွေ ဈေးထဲမှာဈေးဆိုင်ထွက်ရတဲ့သူတွေ ကျောင်းသူကျောင်းသားတွေအပြင် အိမတို့ မိသားစုကလဲ ရှိတော့ အမြဲတမ်း အိမ်ဖော်ခေါ်ရပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ခိုင်ခိုင်လို့ခေါ်တဲ့ အသက် (၁၅) နှစ်လောက်ရှိတဲ့ ရုပ်ရည်တော်တော်လေးသန့်တဲ့ ကောင်မလေးတစ်ယောက် ရောက်လာပါတယ်။ သူတို့နေတဲ့ရွာက ကျွန်မတို့မြို့ကနေဆို နေ့တစ်ဝက်လောက် သွားရပါတယ်။ ကောင်မလေးက အရမ်းသွက်လက်တယ်။ အသက်နဲ့မလိုက်အောင် အိမ်အလုပ်တွေလဲ အကုန်လုပ်တတ်ပါတယ်။ စကားပြောတာလဲ ချစ်စရာကောင်းတာနဲ့ ကျွန်မတို့နဲ့ ညီအစ်မအရင်းတွေလိုပဲ အဖွဲ့ကျတယ်။ သူပြောပြခဲ့တဲ့ သူ့ဇာတ်လမ်းတွေကတော့ … သူ့အဖေက သူမွေးကထဲက ဘာအလုပ်မှ မလုပ်ခဲ့တဲ့ အရက်သမားတစ်ယောက်ဖြစ်ပါတယ် .. သူ့အမေက အရင်အိမ်ထောင်နဲ့ကွဲပြီး အခု သူ့အဖေကို ယူထားတာ […]