====================== အပိုင်း (၁) ဖတ်ချင်ရင် နှိပ်ပါ။ ====================== ည က သန်းခေါင်ယံ အချိန်ခန့်။ နေရာ က အဝေးပြေးကားဝင်းရဲ့ တစ်နေရာ။ အဲ့ဒီနေရာမှာ လူတစ်ချို့ ထိုင်ခုံကိုယ်စီနဲ့။ အချို့က ပါလာတဲ့ ပိုက်ဖျာလေးတွေ ခင်းပြီး ကျောခင်းလျှက်။ ဒီလူတွေထဲမှာ ၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်လည်း တစ်ယောက်တည်း ထိုင်ခုံမှာ ထိုင်နေရင်းနဲ့ ကြောင်တောင်တောင် ဟိုငေးဒီငေး ငေးနေလျှက်။ သူ့ဘေးမှာတော့ သက်တော်အားဖြင့် ၅ဝ ဝန်းကျင်ခန့် ဘုန်းဘုန်းတစ်ပါးကိုလည်း တွေ့ရပါသေးတယ်။ “ကဲ .. ကဲ .. ဧည့်စာရင်း စစ်မယ်။ ထုတ်ထားကြ” အော်ကြီးဟစ်ကျယ် ဝင်လာသော ရဲတစ်အုပ် …။ ပြောပြောဆိုဆို တစ်ယောက်ချင်းဆီက ဧည့်စာရွက်တွေကို လိုက်လံ စစ်ဆေးနေကြတယ်။ […]