အိမ်ပြေး … Run Away (2)
======================
အပိုင်း (၁) ဖတ်ချင်ရင် နှိပ်ပါ။
======================
ည က သန်းခေါင်ယံ အချိန်ခန့်။ နေရာ က အဝေးပြေးကားဝင်းရဲ့ တစ်နေရာ။ အဲ့ဒီနေရာမှာ လူတစ်ချို့ ထိုင်ခုံကိုယ်စီနဲ့။ အချို့က ပါလာတဲ့ ပိုက်ဖျာလေးတွေ ခင်းပြီး ကျောခင်းလျှက်။ ဒီလူတွေထဲမှာ ၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်လည်း တစ်ယောက်တည်း ထိုင်ခုံမှာ ထိုင်နေရင်းနဲ့ ကြောင်တောင်တောင် ဟိုငေးဒီငေး ငေးနေလျှက်။ သူ့ဘေးမှာတော့ သက်တော်အားဖြင့် ၅ဝ ဝန်းကျင်ခန့် ဘုန်းဘုန်းတစ်ပါးကိုလည်း တွေ့ရပါသေးတယ်။
“ကဲ .. ကဲ .. ဧည့်စာရင်း စစ်မယ်။ ထုတ်ထားကြ”
အော်ကြီးဟစ်ကျယ် ဝင်လာသော ရဲတစ်အုပ် …။ ပြောပြောဆိုဆို တစ်ယောက်ချင်းဆီက ဧည့်စာရွက်တွေကို လိုက်လံ စစ်ဆေးနေကြတယ်။ ကောင်လေးကို ကြည့်လိုက်တော့ မျက်လုံးလေး အကြောင်သားနဲ့ တုန်လှုပ်ခြောက်ခြားနေလျှက်။
တကယ်တော့ ဒီကောင်လေးဆီမှာ ဧည့်စာရင်း ဆိုတာ မရှိ။ ဧည့်စာရင်း တိုင်ရမယ်မှန်းလည်း မသိ။ သူ သိတာ သူသွားမယ့် ခရီးအတွက် လက်မှတ်ဝယ်ယူခြင်း တစ်ခုသာ။ သူ့ဆီမှာ ဧည့်လက်မှတ် မရှိလေတော့ ဧည့်စာရင်း လိုက်စစ်နေတဲ့ ရဲတွေကို သူ သိပ်ကြောက်နေတော့တာပေါ့။ မတော် အချုပ်ထဲ ရောက်သွားနိုင်တယ်လို့ပါ တွေးပူပြီး ကြောက်လို့ နေလေတယ်။ ဒီထက် တွေးပူနေမိတာလည်း ရှိသေးတယ်။ အဲ့ဒါကတော့ အကယ်လို့ သူသာ အချုပ်ခံရရင် အိမ်က လူတွေ လိုက်လာတော့မယ်။ ဒီအခါ သူ့ခရီးစဉ် အထ မမြောက်ဘဲ ဖြစ်တော့မယ်။ သူ … အိမ် မပြန်ချင်ဘူး။ သူ … အိမ်ကို သိပ်မုန်းတယ်။ ချုပ်ချယ်လွန်းလှတဲ့ သူ့အန်တီ ကို ပိုလို့တောင် မုန်းတီးမိပါသေးတယ်။
“ဟေ့ကောင် … ဧည့်စာရင်းစာရွက် ပြ”
“ဗျာ …”
ကောင်လေးက သူ့ရှေ့မှာ ရပ်နေတဲ့ ဘောလ်ပင် ကိုင်ထားတဲ့ ရဲကြီးကို မော့ကြည့်ရင်း ဘာပြောရမှန်း မသိ ဖြစ်နေတယ်။ သူ တွေးတယ်။ သူ ဘာပြောရမလဲ။ ပိုက်ဆံ ပေးလိုက်ရင် ပြေလည်သွားမလား။ ဒါပေမယ့် သူ့လက်ထဲမှာ ပိုက်ဆံက တစ်ပဲခြောက်ပြားသာ။ သူ ဘယ်လို လုပ်ရမလဲ။ အဖမ်းပဲ ခံလိုက်ရမလား။ သူ မသိတော့။ ဒီအခိုက်မှာ …..
“ဒါ … ဘုန်းကြီး ကျောင်းသားလေးပါ”
.. ဆိုတဲ့ အသံထွက်လာတယ်။ ကောင်လေးရှေ့က ရဲကြီးကတော့ ထွက်ခွာလို့ သွားလေရဲ့။ တွေးပူရင်း ဘယ်လို လုပ်ရမယ်မှန်း မသိ ဖြစ်လို့နေတဲ့ ငိုမဲ့မဲ့ ကောင်လေးတစ်ယောက် ဝမ်းသာလို့ သွားလေရဲ့။ ဒါနဲ့ သူ့ရဲ့ ကယ်တင်ရှင် ဘုန်းဘုန်းကို ကျေးဇူးတင်တဲ့ အကြည့်တွေနဲ့ ကြည့်နေမိပါတော့တယ်။ ဘုန်းဘုန်းကတော့ တစ်ချက်ပြုံးပြပြီး အေးအေးသက်သာပါပဲရယ်။
ဆက်ရန် ….
14 comments
MAUNG
November 4, 2013 at 7:32 am
များများ ညှစ်ပါ ကိုအံစာ 🙂
alinsett
November 4, 2013 at 7:46 am
အပိုင်း တစ်ပိုင်း တစ်ပိုင်းကလည်း
ဆေးအညွှန်းလောက်တောင် မရှည်
ဖတ်ရတာ အားမရလိုက်ထာ
🙁
kyeemite
November 4, 2013 at 8:51 am
အံစာတော့ ပရိပ်သတ်ကိုနှိတ်စက်နေပီ…ဆံ့တငံ့ငံ့နဲ့ 🙁
sorrow weaver
November 4, 2013 at 11:15 am
ဒီဘုန်းကြီးကျောင်းသား…..များများနဲ့မြန်မြန်ရေး..အဟိဟိ
မောင်ဘလိူင်
November 4, 2013 at 12:49 pm
ကားဂိတ်ထဲမှာလည်း ညပိုင်း ဧည့်စာရင်း စစ်တယ်လား။
အဲဒါ မသိဘူး။
Mr. MarGa
November 4, 2013 at 9:04 pm
တိုလိုက်တာဟာ
ဆန့်ငင် ဆန့်ငင်နဲ့
နင့်အလှည့်ကျလဲ အဲ့လို ဖြစ်ပါစေ ငိငိ
TNA
November 4, 2013 at 9:19 pm
ဟိုဂ တို့စိတို့စိလုပ်ပါဇီတော်။ တကယ်ဂျီး အဟုတ်ဂျီးလုပ်ပါဇီတော်။ ဘယ့်နှယ့်။ :harr:
ဗုံဗုံ
November 5, 2013 at 9:15 am
ဘုန်းဘုန်းနှယ်..ခြေနှစ်ချောင်းမကယ်ကောင်းဘူးဆိုတာ
မသိဘူးလားမသိဘူး…
ငါသာဆို..ဂုတ်ကနေဇွိ ဆိုပြီး
ဖမ်းပြီးတော့..
ရော့ဟာ .ဖောင်းဆိုပြီး..
အချုပ်ထဲကန်သွင်းပစ်လိုက်မှာ
စိတ်ကမရှည်တော့ဘူးး…..
ဖြူစိုင်း လူ
November 5, 2013 at 9:15 am
မောင်အံစာ
အဲလို ဆံ့တစ်ငင် ငင်သာလုပ်
ဟိုကဗျာထဲကလို စံတွေတော့ သတ်မှတ်ထားတာမဟုတ်ပဲ
ဒီလဂျီး… ဆန့်တငင်ငင်ကြီးထားတတ်ပါလားလို့ ကြောက်သွားမှ ဒွတ်ခ
(ဒို့များတော့ ကြောက်ပါတယ်ဟေ)
KZ
November 5, 2013 at 9:40 am
ဟမ်။
ကျန်းးးးးး
၅၀၀ဝ သိမ်း ထားတာကို ဆက်ပြီး အိမ်ပြေးလုပ်နေသလားးးး
😀
နေတိုး
November 5, 2013 at 3:05 pm
အရမ်းကောင်းတယ်ဗျာ
အစ/အဆုံး ဖတ်သွားပါတယ်
😛
အရိပ်စစ်
November 5, 2013 at 4:15 pm
ရော်…ခက်စ်ပီ
ပထမ တစ်ပိုင်းတုန်းက
နောက်တစ်ပိုင်းမှာတော့
ရှည်လောက်ပါဘီ မှတ်တာ
ခုလည်း ဖြတ်သွားပန်ပီ…
padonmar
November 5, 2013 at 11:27 pm
ဒီလောက် တိုနန့်နန့်ရေးတာ အိမ်ပြေးရင်း မျက်စိလည်နေပါစေတော်။
ဦးကြောင်ကြီး
November 7, 2013 at 10:26 am
ဘုန်းကြီးကျောင်းသား
မုန်းတီးရောင်းစား
ကုန်းပြီးထောင်းထား
လုံးသီးဖောင်ကား
စုန်းမီးချောင်းနား
Onlyမြောင်းဂျား
ဒုံးဟီးဝေါင်းလွှား
ဗုံးနီးဒေါင်းလား..