======================   အပိုင်း (၁) ဖတ်ချင်ရင် နှိပ်ပါ။ ====================== ည က သန်းခေါင်ယံ အချိန်ခန့်။ နေရာ က အဝေးပြေးကားဝင်းရဲ့ တစ်နေရာ။ အဲ့ဒီနေရာမှာ လူတစ်ချို့ ထိုင်ခုံကိုယ်စီနဲ့။ အချို့က ပါလာတဲ့ ပိုက်ဖျာလေးတွေ ခင်းပြီး ကျောခင်းလျှက်။ ဒီလူတွေထဲမှာ ၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်လည်း တစ်ယောက်တည်း ထိုင်ခုံမှာ ထိုင်နေရင်းနဲ့ ကြောင်တောင်တောင် ဟိုငေးဒီငေး ငေးနေလျှက်။ သူ့ဘေးမှာတော့ သက်တော်အားဖြင့် ၅ဝ ဝန်းကျင်ခန့် ဘုန်းဘုန်းတစ်ပါးကိုလည်း တွေ့ရပါသေးတယ်။ “ကဲ .. ကဲ .. ဧည့်စာရင်း စစ်မယ်။ ထုတ်ထားကြ” အော်ကြီးဟစ်ကျယ် ဝင်လာသော ရဲတစ်အုပ် …။ ပြောပြောဆိုဆို တစ်ယောက်ချင်းဆီက ဧည့်စာရွက်တွေကို လိုက်လံ စစ်ဆေးနေကြတယ်။ […]


ရန်ကုန်မြို့လယ်ကတော့ သူ့ရဲ့ ထုံးစံအတိုင်း လူတွေ၊ ဈေးသည်တွေနဲ့ ရှုပ်ထွေးနေပါတယ်။ တောင်မှ မြောက်သို့သွားသူ၊ မြောက်မှ တောင်သို့လာသူ၊ အရှေ့မှအနောက်သို့ သွားသူ၊ အနောက်မှ အရှေ့သို့လာသူ အရှစ်ရှစ်မျက်နှာ ဖီလာ သွားသူလာသူတွေနဲ့ ရန်ကုန်မြို့လယ် ပလက်ဖောင်းဟာ မနေမနား အလုပ်လုပ်နေရပါတယ်။ အဲ့ဒီ အဲ့ဒီ ဥဒဟိုသွားလာနေကြတဲ့ လူတွေထဲမှာ အသက် ၁၆ နှစ်အရွယ်၊ အင်္ကျီအနက် လက်ပြတ်လေးနဲ့ ပုဆိုးကို ခပ်တိုတို ဝတ်ဆင်ထားတဲ့ ခပ်ပိန်ပိန် ခပ်ပါးပါး ကောင်လေးလည်း အပါအဝင်ပါပဲ။ နေကလည်း နေသာတဲ့နေ့ပီပီ လွှတ်ပူနေတယ်။ တချို့က ထီးလေးတွေနဲ့။ အချို့ကတော့ ထီးဗလာနဲ့။ ကောင်လေးကတော့ နားထင်မှာ ချွေးတွေနဲ့ဆိုပေမယ့် ဖြေးဖြေးသက်သာ လျှောက်လှမ်းလျက် လမ်းဘေး ဆိုင်တွေကို ငေးကြည့်နေမိတော့တယ်။ သူ … နာရီဆိုင်တွေ […]