မင်္ဂလာပါ။ ကျနော် မန်းကဇက်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် နဲ့ပါတ်သတ်ပြီး ဖတ်မိသလို နားလည်သလို ပိုစ့် လေးတွေ ရေးတင်နေရာကနေ ခုဆက်ရေးဖို့ က ကဗျာ နဲ့ ဆောင်းပါး (ပိုစ့်)တွေပဲကျန်ပါတယ်။ ဒီကြားထဲ အတွေးတမျိုးရလို့ လုပ်မယ်ဆိုပြီး စီစဉ်ကြည့်တာပါ။ ကဗျာ နဲ့ပါတ်သတ်ပြီး နဲနဲရွတ်ဖတ်ကြည့်မယ်။ ပြီးရင် (ရက်နဲနဲကြာပါမယ်) ဆောင်းပါးစာမူ တွေနဲ့ပါတ်သတ်ပြီး ပဟေဋိ ဆန်ဆန်မေးခွန်းလေးတွေ တင်ပါမယ်။ အမှတ်ပေးစနစ်နဲ့ သွားမယ်။ တတိယအကြိမ်ဆိုတော့ ဒီဇင်ဘာ ဇန်နဝါရီ လောက်ဖြစ်မယ် ထင်ပါတယ်။ အဲဒီတွေ့ဆုံပွဲ မှာ ဆုရရှိသူကို ကျနော်လက်ဆောင် ချီးမြှင့်ပေးမယ်။ တန်ဖိုးမများ မကြီးပေမဲ့ အမှတ်တရ သဘောမျိုး တော့ဖြစ်မှာပါ။ စည်းကမ်းကတော့ – ၁။ မေးခွန်းအားလုံးဖြေရမည်။ ၂။ မည်သူမဆိုဖြေဆိုနိုင်သည်။ ၃။ […]